Pages

Saturday, February 4, 2017

အိမ့်သံစဉ် ပြန်လာပြီ....


                  ကျမဟာ ဧရာဝတီ ဘလော့ဂ်မှာ အိမ်သံစဉ် ကလောင်နာမည်နဲ့ ဘလော့ဂ်တွေရေးခဲ့ဖူးသူပါ။ ကျမနဲ့ ဘလော့ဂ်   ကင်းကွာနေခဲ့တာ ၂ နှစ် ကျော်လောက် ရှိပါပြီ။ ဒါပေမယ့် အခုတော့ ကျမနဲ့ ဘလော့ဂ် ပြန်လည်ဆုံဆည်းခွင့်ရပါပြီ။






ဒီကနေ့ကစတင်ပြီး ကျမ ရဲ့ ဘလော့ဂ်စာသားတွေနဲ့အတူ ပရိသတ်နဲ့ ပြန်လည် ထိတွေ့ရပါတော့မယ်။ ကျမ ရေးခဲ့သမျှတွေကို မိတ်ဆွေ တဦးက သူ့ရဲ့ ဘလော့ဂ်မှာ ရံဖန်ရံခါ ကူးယူတင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမိတ်ဆွေက ကျမကို ဘာလို့ဘလော့ဂ်မရေးဖြစ်တာလည်း ဆိုပြီး မေးမြန်းရင်း ကျမကို ဘလော့ဂ်တွေ ပြန်ရေးဖို့တိုက်တွန်းရင်း ကျမလည်း လိုလိုလားလား လက်ခံယူလိုက်ပါတယ်။

 အခုတော့ ကျမတို့မှာ ချစ်စရာ သမီးလေး သုန္ဒရီရဲ့ နိစ္စဒူဝ လုပ်ကိုင်စရာတွေကြားက အချိန်ရသလောက် ဘလော့ဂ်တွေပြန်ရေးဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ အခုလို မြန်မာစာဖတ်ပရိသတ်နဲ့ ပြန်လည် ထိတွေ့ခွင့် ရတဲ့အတွက်လည်း ကျမ အရမ်း ကျေနပ်ပီတိဖြစ်နေမိပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ကျမရဲ့ အိမ့်သံစဉ် ဘလော့ဂ် ကို လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။


 ~ အိမ့်သံစဉ် ~

No comments:

Post a Comment