မြန်မာနိုင်ငံက မောင်လှမျိုး ( ချင်းချောင်းခြံ) ရဲ့ ကဗျာဟာ အန္တတိက တိုက်အထိ ရိုက်ခတ်သလား ဒါမှ မဟုတ် အန္တာတိက တိုက်ကနေ မောင်လှမျိုး ( ချင်းချောင်းခြံ) ကို ရိုက်ခတ်တာလားဆိုတာကတော့ စဉ်းစားစရာပါပဲ။
အခုတလော ဖေ့စ်ဘုတ်ပေါ် ကမ္ဘာကြီး ၂ ခြမ်းကွဲတယ်၊ ဘာညာ စတဲ့ မောင်လှမျိုး (ချင်းချောင်းခြံ) ကဗျာ က စလိုက်တဲ့ ဂယက်က အခုဆို ကမ္ဘာကြီးဆီထိ ရိုက်ခတ်လို့ နေပြီလား၊ ဒါမှ မဟုတ် မောင်လှမျိုး ( ချင်းချောင်းခြံ) က ရိုက်ခတ်ခံရတာလား...?????
အကြောင်းကတော့ ကမ္ဘာတိုက်ကြီး ၆ တိုက်ထဲက ရေခဲပြင်တွေနဲ့ လွှမ်းမိုးထားတဲ့ အန္တာတိက တိုက်ကြီးက အကြီးဆုံး ရေခဲပြင်ကြီး လာဆန်-စီဟာ ၂ ခြမ်းကွဲတာကို အထင်အရှား မြင်တွေ့နေရပါပြီ။
၂၀၁၆ ခုနှစ် အောက်တိုဘာလလောက်မှာ ဗြိတိန်အခြေစိုက် အန္တတိက သုတေသနအဖွဲ့ ( British Antarctic Survey- BAS) ရဲ့ လေ့လာစောင့်ကြည့်ရေး စခန်းအနီးမှာ ကီလိုမီတာ ၁၇ လောက်ရှည်တဲ့ ရေခဲပြင် ကွဲအက်မှုကို စတင်တွေ့ခဲ့ရတာလို့ ဆိုပါတယ်။
နောက် ဒီဇင်ဘာလလောက်မှာ ကွဲအက်မှုဟာ ပိုပြီး ရှည်လျှားလာပြီး အခုဆို မိုင်ပေါင်း ၁၁၀ လောက်ထိ ကွဲအက်လာနေတယ်လို့ ဒရုံးယာဉ်ပျံနဲ့ ရိုက်ကူးမှတ်တမ်းတင်ထားပါတယ်။
ဒါဟာ ရာသီဥတုဖောက်ပြန်မှုရဲ့ ဆိုးကျိုးဖြစ်တယ်လို့တဲ့ ဝေဖန်မှုတွေရှိနေပေမယ့် ဘီအေအက်စ်အဆိုအရ သဘာဝဖြစ်ရိုးဖြစ်စဉ်လို့သာ ကောက်ချက်ချထားပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment