Pages

Friday, February 24, 2017

ဦးကိုနီလုပ်ကြံခံရမှု ပြည်ထဲရေး၏ သတင်းစာရှင်းလင်းပွဲမှာ စိတ်ဝင်စားစရာ

ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲကို မနက်ဖြန်မှာ ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပြတိုက်မှာ နံနက် ၉ နာရီမှာ စတင်ကျင်းပြပြုလုပ်မှာဖြစ်တယ်လို့သမ္မတရုံး ပြောခွင့် ရ ဦးဇော်ဌေးက သူ့ဖေ့စ်ဘုတ်မှာ ယနေ့ဖော်ပြပါတယ်။
ဒါဟာ ပထမဆုံး လုပ်မယ့် သတင်းစာရှင်းလင်းပွဲလည်းဖြစ်ပါတယ်။


အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ယမန်နေ့က မင်းဘူးမြို့မှာ လက်ရ ဖမ်းဆီးရမိခဲ့တဲ့ နဂါးလေး ခေါ် အောင်မြင့်နိုင်အား ရှေ့နေ ဦးကိုနီကို လုပ်ကြံပေးရန် ငွေပေးကမ်းလှမ်းခဲ့တဲ့ကိစ္စ ပါဝင်မယ်လို့ အမည်မဖော်လိုတဲ့ အကြီးတန်း ရဲအရာရှိ တဦးကို ကိုးကားပြီး သည်ဗွိုက်စ် သတင်းက ဖော်ပြထားပါတယ်။

 ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းမီဒီယာများနဲ့ နယ်ပယ်အသီးသီးက သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စောင့်မျှော်နေခဲ့တာ ၁ လပြည့်လုနီးပါး အချိန်ကြာမှ ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲကို ကျင်းပမှာဖြစ်လာတာပါ။

 သည်ဗွိုက် သတင်းအဆိုအရ ဦးကိုနီအားလုပ်ကြံသတ်ဖြန်ရန် ပထမဆုံး ကမ်းလှမ်းခံရသူမှာ အောင်စိုး ( အင်းစိန်) ဖြစ်ပြီး နဂါးလေး က ဒုတိယ ကမ်းလှမ်းခံရသူဖြစ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့သူ ကြည်လင်းက တတိယ ကမ်းလှမ်းခံရသူ ဖြစ်တယ်လို့ ဆိုပါတယ်။

 ဦးကိုနီအား လုပ်ကြံမှုနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အထူးကော်မတီဖွဲ့ကာ စုံစမ်း ဖော်ထုတ် ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်လာပေမယ့် သမ္မတရုံးကပဲ သတင်းထုတ်ပြန်မှုတွေ လုပ်ခဲ့တာမှာ လက်ရှိ ဖမ်းဆီးရမိထားသူများဖြစ်တဲ့ ကြည်လင်း၊ ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်တို့ကိုသာ အမည်နာမည်ထုတ်ဖော်ထားပြီး ဒုဗိုလ်မှူးကြီး ဟောင်း အောင်ဝင်းခိုင်က ငွေကျပ် သိန်း ၁ ထောင်ပေးခိုင်းစေတယ်လို့ ဆိုတဲ့ စစ်ဆေး ပေါ်ပေါက်ချက် အရ ၄င်းအား ဖမ်းဆီးရမိရေး ကြိုးစားဆဲလို့ သာ ဆိုထားပါတယ်။

 စုံစမ်းရရှိတဲ့ သတင်းတွေအရ လက်ရှိ ဖမ်းဆီးထားသူပေါင်း ဒါဇင်နဲ့ ချီပြီး ရှိနေကာ အများစုမှာ စစ်ထောက်လှမ်းရေး ဟောင်းများ ဖြစ်ပြီး ရေကြည်အိုင် ဗဟို ထောက်လှမ်းရေး နည်းပြ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးလည်း တဦး အပါအဝင် ဖြစ်ပါတယ်။



 အိမ့်သံစဉ် ~




No comments:

Post a Comment