ကုလ သမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံရဲ့ သံအမတ်ကြီး မစ္စတာ Vitaly Ivanovich Churkin ဟာ ဒီကနေ့ တနင်္လာ
နေ့မှာ မမျှော်လင့်ပဲ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။
သူဟာ အသက် ၆၅ နှစ်မြောက် မွေးနေ့မတိုင်ခင် တရက်အလိုမှာ အခုလို ရုတ်တရက်သေဆုံးသွားရတာလည်း ဖြစ်ပါတယ်။
"အလုပ်တာဝန် ထမ်းဆောင်နေစဉ်မှာ အခုလို ထင်ရှားပြီး လူသိများတဲ့ ရုရှားသံတမန်ဟာ သေဆုံးသွားခဲ့တယ်၊ မိသားစုနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရတယ်” လို့ နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ကို စီအန်အန်က ကိုးကားပြီး ဖော်ပြပါတယ်။
ကုလ သမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ Matthew Rycroft ကလည်း မစ္စတာ ချာတ်ကင် ယခုလို သေဆုံးမှုဟာ ဝါရင့်သံတမန်ကြီး တဦး ဆုံးရှုံးမှုလို့မှတ်ချက်ပေးပြောဆိုထားပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment