ကောက်ညှင်းရွှေကြည်ဆိုတာ မြန်မာနို်င်ငံမှာ လူကြိုက်များတဲ့ အစားအသောက်တွေထဲက တခုပါ။ လုပ်ပုံ လုပ်နည်းတွေလည်း အမျိုးမျိုး ရှိတတ်ကြပါတယ်။
ဒါကတော့ ကျမတင်ပြမယ့် ကောက်ညှင်းရွှေကြည် လုပ်နည်းလေးပါ။
လိုအပ်တဲ့ ပစ္စည်းတွေကတော့..
၁။ ကောက်ညှင်းဆန် ၄ ဗူး (Ricecooker များတွင် ပါဝင်သည့် ဆန်ချိန်ခွက် )
၂။ သကြား ၁၀ ကျပ်သား
၃။ ဆား အနည်းငယ်
၎။ အုန်းနို့ ၆၀၀ ဂရမ်
လုပ်ပုံ လုပ်နည်း အဆင့်ဆင့်။ ။
ကောက်ညှင်းဆန်ကို ညကတည်းက ရေစိမ်ထားပြီး မနက်ရောက်တာနဲ့ ပေါင်းအိုးမှာ ရေစိမ်ထားတဲ့ ကောက်ညှင်းကို ပေါင်းပါ။ ကောက်ညှင်းဆန် အနေအထား အသင့်အတင့်ရှိတဲ့ အခါကောက်ညှင်းပေါင်းကို ဇလုံအသန့်အကြီးတခုထဲ ထည့်ပါ။
ကောက်ညှင်းပေါင်းနေစဉ်တွင် အုန်းနို့ကြိုရန်အတွက် အိုးထဲသို့ အုန်းနို့ကို ထည့်ပါ။ သကြား၊ ဆားအသင့်အတင့်၊ ဆီ ၅ ကျပ်သားတို့ထည့်ပြီး ပြစ်စေးစေးအနေအထားရောက်သည်အထိ ကြိုပါ။
ထို့နောက် ကောက်ညှင်းပေါင်းထည့်ထားတဲ့ ဇလုံထဲကို အုန်းနို့ကြိုရည်ပြစ်ပြစ်ကို ထည့်ပြီး သမအောင် မွှေပါ။ အုန်းနို့ရည် ပြစ်ပြစ် စတီးဇွန်း ငါးဇွန်းစာလောက် ချန်ထားရန်မမေ့ပါနဲ့။
ထို့နောက် မုန့်ဖုတ်တဲ့ ဗန်းကို ထောပတ်ဆီ သုတ်လိမ်းပြီးနောက် ကောက်ညှင်းတွေကို ဖိသိပ်ထည့်ပါ၊ မျက်နှာပြင် ညီညာအောင်လုပ်ပြီး ကျန်နေသေးတဲ့ အုန်းနို့ပြစ်ရည် ကို အပေါ်ယံ သုတ်လိမ်းပါ။
ပြီးရင်တော့ Microwave Oven ( မုန့်ဖုတ်တဲ့ အာဗင်) ထဲကို ထည့်ပြီး ၂၀၀ ဒီဂရီအပူနဲ့ အပေါ်မီးအောက်မီး ကို မိနစ် ၅၀ ခန့်ထားပါ။ ပြီးရင် ခတ္တ အအေးခံပြီးပါက အသင့် စားသုံးလို့ရပါပြီ။
အရသာ ကောင်းပြီး ကိုယ်တိုင်လုပ် သန့်ရှင်း လတ်ဆတ်တဲ့ ကောက်ညှင်းရွှေကြည်ကို စိတ်တိုင်းကျ သုံးဆောင်နိုင်ပါပြီ။
အိမ့်သံစဉ် ~
အရာသာရှိတဲ့ ကောက်ညှင်းရွှေကြည်၊ ဓာတ်ပုံ/ အိမ့်သံစဉ် ~

No comments:
Post a Comment