မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၅၀,၀၀၀ ကို လာမယ့် ဇွန်လမှ စတင်ကာ သီရိလင်္ကာနိုင်ငံသို့ တင်သွင်းရေးကိစ္စကို သဘောတူညီပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကို ကိုးကားပြီး ကိုလန်ဘိုစာမျက်နှာသတင်းက ဒီကနေ့ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဖော်ပြပါတယ်။
နိုင်ငံခြား ကုန်ပစ္စည်း တရားဝင် တင်ပို့ခွင့် ရှိသည့် နိုင်ငံတော် အဆင့် အဖွဲ့အစည်းတခုဖြစ်သော မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (The Myanmar Rice Federation ) က ပြောဆိုရာတွင် ၄င်းတို့အနေဖြင့် သီရိလင်္ကာသို့ ဆန်မက်ထရစ်တန်ချန် ၅ သောင်းကို တင်ပို့ရေးအတွက် ကန်ထရိုက် အောင်မြင်တဲ့ ကုမ္ဗဏီ ၅ ခုရှိကြောင်းလည်း အဆိုပါ သတင်းတွင် ဖော်ပြပါတယ်။
မြန်မာ နိုင်ငံဆိုင်ရာ သီရိလင်္ကာ နိုင်ငံသံအမတ်ကြီး KWND Karunaratne ဦးဆောင်သည့် သီရိလင်္ကာမှ ကိုယ်စားလှယ်အဖွဲ့ကို မြန်မာ ကုန်သွယ်ရေး ဝန်ကြီး ဒေါက်တာ သန်းမြင့်က နေပြည်တော်ရှိ ၄င်း၏ ရုံးခန်းတွင် ဇန်နဝါရီလ ၂၃ ရက်နေ့ လက်ခံတွေ့ဆုံခဲ့ပြီး ဆန်တင်ပို့မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြ
ပါတယ်။
အရာရှိ တဦး အဆိုအရ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က သီရိလင်္ကာနိုင်ငံသို့ဆန်တင်ပို့ရေး ကုမ္ဗဏီများကို ဖိတ်ခေါ်ခဲ့ရာတွင် ကုမ္ဗဏီ ၁၀ ခု လျှောက်ထားခဲ့ပြီး အဆိုပါ ထဲက ၅ ခုကို ရွေးချယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က မိုးခေါင်ရေရှားဖြစ်ခဲ့ပြီးတဲ့နောက် ဆန်ထုတ်လုပ်မှု တန်ချိန် ၂ သိန်းထိ ကျဆင်းသွားခဲ့တာပါ။ သီရီလင်္ကာနိုင်ငံဟာ ဆန်ဈေးမြင့်တက်နေမှုကို လျှော့ချနေပြီး နိုင်ငံခြားမှ ဆန်တင်သွင်းကာ ဆန်စပါးကို ထိန်းချုပ်မှုလုပ်ဆောင်နေကြောင်းသိရပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment