Pages

Saturday, February 25, 2017

Sound of My Pain ( ရုပ်/သံ)

သား/သမီး ရှိကြတဲ့ မိဘတိုင်း၊ မိဘ စိတ်ရှိကြသူတိုင်း ဒီ ဖြစ်ရပ်မှန်ရုပ်/သံလေးက ရင်ကို ကိုင်ဆွဲ လှုပ်ခတ်သွားစေမှာ မုချ မလွဲပါဘူး။ တဖက်ကလည်း သားသမီးချင်း ကိုယ်ချင်း မစာနာ၊ လူလူချင်း ရက်စက်ကြလေခြင်းဆိုပြီး ခံစားရတယ်။



ဒါကတော့ ၈ ကြိမ်မြောက် Yangon Photo Night 2016 ရဲ့ တတိယဆု ဆွတ်ခူးရသွားတဲ့ ဓာတ်ပုံဇာတ်လမ်း - ဇော်ဇော်ထွေးရဲ့ "သမီးကျောင်းက ပြန်လာတဲ့တစ်နေ့မှာ လူကြီးတစ်ဦးရဲ့ ခေါ်ဆောင်လာခြင်းခံခဲ့ရတယ်” ဆိုတဲ့ ရုပ်/သံ ဖိုင်လေးပါ။


လွန်ခဲ့တဲ့ ၁၀ လောက်ကတည်းက ယူကျုပေါ် ရောက်ခဲ့တာဆိုပေမယ့် ဘယ်အချိန်ပြန်ကြည့်ကြည့် ရင်ထဲ မချိအောင် ခံစားမှုတွေ တသီကြီး ပေးတာမို့ ခံစားကြည့်စေချင်လို့ပါ။

   


လောကပါလတရားတွေ ထွန်းကားအောင် လုပ်ဆောင်ချင်ကြသူတိုင်း ဒီလို အဖြစ်ဆိုးတွေကို သင်ခန်းစာတွေအဖြစ် ယူပြီး တားဆီးကာကွယ်မှုတွေနဲ့ ထိန်းသိမ်းစောင့်ရှောက် အကာအကွယ်ပေးမှုတွေ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်သင့်ကြပါတယ်။




အိမ့်သံစဉ် ~



ဖေ့စ်ဘုတ် တွစ်တာ။ 

No comments:

Post a Comment