လွန်ခဲ့တဲ့ လ က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှေ့နေ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စမှာ ပတ်သက်တဲ့ ကွင်းဆက်တရားခံလို့ ယူဆရသူများကို လက်ရှိ ဖမ်းဆီးစစ်ဆေးမှုများလုပ်နေရာ ယခင် ထောက်လှမ်းရေး အရာရှိဟောင်းများနဲ့ မဘသ တချို့ ပါဝင်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
ဦးကိုနီကို သေနတ်နဲ့ပစ်သတ်လုပ်ကြံသူ ကြည်လင်းကို လေဆိပ်မှာ တက္ကစီဒရိုင်ဘာများ၊ လုံခြုံရေးရဲများက အရှင်လတ်လတ်ဖမ်းဆီးခဲ့ပြီး ၄င်း၏ ထွက်ဆိုချက်နဲ့ ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်ကို ဆက်လက်ဖမ်းဆီးရာ အောင်ဝင်းဇော်နဲ့အတူ ကားလိုက်မောင်းပို့ပေးတဲ့ ၄င်းတို့၏ အကိုကြီးကိုလည်း ဖမ်းဆီးထားခဲ့တာပါ။
အဲဒီကနေ စစ်ဆေးချက်တွေအရ သူတို့ရဲ့ ညီဖြစ်သူ ဒု ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်က ငွေကျပ် သိန်း ၁ ထောင် ပေးကမ်းလှမ်းတယ်လို့ သိရပြီး ၄င်းကို လိုက်လံဖမ်းဆီးနေဆဲဖြစ်ပါတယ်။
မေမြို့ စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ကျောင်းဆင်း ဒုတိယ ဗိုလ်မှူးကြီး အောင်ဝင်းခိုင်နဲ့ တပတ်စဉ်ထဲ ကျောင်းဆင်းလည်းဖြစ်၊ယခင် ဗဟိုထောက်လှမ်းရေး နည်းပြတဦးဟု ဆိုသူ ဇေယျာဖြိုးကိုလည်း အခု လဆန်းကတည်းက ထပ်မံဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။
သူ့ကို ဖမ်းဆီးစဉ်မှာ ၄င်းက ရဟန်းဝတ်နေတဲ့ အတွက် လူဝတ်လဲပြီး ဖမ်းဆီးရတာဖြစ်တယ်လို့ The Speaker ဂျာနယ်မှာလည်း ဖော်ပြပါတယ်။
အဆိုပါ ထောက်လှမ်းရေးဟောင်း ဇေယျာဖြိုးကို ဖမ်းဆီးထားမှုကို နိုင်ငံတော်က သတင်းထုတ်ပြန်မှုမရှိသေးပေမယ့် ၄င်းနေထိုင်ရာ အမတ် D / 8 မင်္ဂလာလမ်း၊ တာမွေလေး ရပ်ကွက်အိမ်ကိုတော့ သော့ပိတ်ထားပါတယ်။
တာမွေရဲစခန်းတာဝန်ရှိသူတဦးအဆိုအရ ၄င်းကို စအဖ က လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုထားပါတယ်။
နောက်ထပ် အမည်မဖော်လိုသူ ရဲမှူးကြီး တဦးအဆိုအရ ယခုအမှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခွင့်မရှိကြောင်းနဲ့ သတင်းထုတ်ပြန်မှုအားလုံး နိုင်ငံတော် အဆင့်က တိုက်ရိုက် ထုတ်ပြန်မှာဖြစ်ပြီး အခု မိမိတို့ ရဲ တာဝန်များကို အပြည့်အဝ တာဝန်ယူ ဖမ်းဆီး စစ်ဆေးမှုများ၊ ကွင်းဆက်များကို လက်လံ ဖော်ထုတ်
နေကြောင်း၊ ယခုအမှုတွင် ပါဝင်ပတ်သက်နေ သူတို့မှာ မိမိတို့ ရဲဌာန တိုက်ရိုက်ကိုင်တွယ်၍ မရသည့်
အတွက် ထိုကဲ့သို့ နိုင်ငံတော် အဆင့် ကိုင်တွယ်နေခြင်းလည်း ဖြစ်ကြောင်း ပြောဆိုပါတယ်။
ယခင် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ဦးဝီရသူနဲ့ မဘသ အဖွဲ့တို့က ယခု ဦးကိုနီ လုပ်ကြံမှုတွင် ပါဝင်ပတ်သက်နေသည်ဆိုသည့် ထင်ကြေးများနှင့် မည်သို့မှတ်ချက်ပေးလိုသနည်းဟု ၄င်းအား မေးမြန်းရာ သူက “ ကျနော်တို့ ဘာမှပြောပိုင်ခွင့်မရှိပါဘူး။ ဒီကိစ္စ အရမ်း ရှုပ်ထွေးနေပါတယ်။ အခုအချိန်မှာ အစိုးရကတော့ အကောင်းဆုံး ကိုင်တွယ် နေတာလို့ပဲ ပြောပါရစေ“ ဟု ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက လွန်ခဲ့တဲ့ ရက်က ကျင်းပတဲ့ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ယက် အစည်းအဝေးတခုမှာ လက်ရှိ စုံစမ်းဖော်ထုတ်နေမှုတွေကို အားမရဘူးလို့
ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။
ဒါပေမယ့် တဖက်မှာလည်း ဒီအမှုနဲ့ပတ်သက်ပြီး အမှုမှတ်ပေါ်ရေး အစိုးရကို ဖိအားမပေးရခြင်းမှာ ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ထိခိုက်မှာ စိုးရိမ်တာကြောင့်ဖြစ်တယ်ဆိုပြီး ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက Myanmar Now သတင်းဌာနကို ပြောခဲ့ပါသေးတယ်။
ယခုအတည်ပြုလို့ မရသေးတဲ့ သတင်းအရ ဦးကိုနီလုပ်ကြံမှုတွင် ပါဝင်ပတ်သက်နေတယ်လို့ သံသယရှိသူများထဲတွင် ဦးခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အရာရှိတချို့၊၊ ဦးဝီရသူနဲ့ မဘသ တချို့ပါဝင်ပြီး ၄င်းတို့အား ရဲတပ်ဖွဲ့က အနီးကပ်စောင့်ကြည့်နေပြီး မကြာခင်အချိန်ပိုင်းတွင် ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေပါ
တယ်။

No comments:
Post a Comment