၆၂ ခုနှစ် တက္ကသိုလ်ကျောင်းသား သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ ခေါ် ဦးအောင်သာ ပီသုံးလုံးကို ကြေးမုံသတင်းထောက် ကိုလတ် ( သတင်းစဉ်) က လာရောက်တောင်းပန်သွားတယ်လို့ သိရပါတယ်။
ယနေ့ထုတ်ကြေးမုံသတင်းစာမှာ ကျောင်းသား သမဂ္ဂ အဆောက်အဦ ပြန်လည်ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေအား အစည်းမဝေး ဖိတ်ကြားတာလည်း မရှိသလို့ တက်ရောက်ခြင်းလည်း မရှိပါပဲ အစည်းအဝေးတက်သည်ဟူ၍၄င်း၊ ၄င်းအား ပုဂ္ဂိုလ်ရေး နှိမ်ချသည့် စကားလုံး
ကြက်လှရွှေ ဟူ၍ သုံးကာ နိုင်ငံပိုင်သတင်းစာက သတင်းထောက် ကိုလတ် (သတင်းစဉ်) က ရေးသားခဲ့ပါ
တယ်။
ဒီကိစ္စဟာ မမှန်မကန် ဖော်ပြယုံသာမက ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖျက်ဆီးသည့် လုပ်ရပ်ဖြစ်ကြောင်း လူမှုကွန်ယက်တွင် သမီးဖြစ်သူနဲ့ မိတ်ဆွေများက ရေးသားဖော်ပြပြီးနောက် ဒီကနေ့နေ့လယ်ပိုင်းက သတင်းထောက် ကိုလတ် အင်းစိန်က လာရောက်တောင်းပန်သွားတယ်လို့ သမီးဖြစ်သူ မေဇွန်ဦးက သူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြပါတယ်။
" ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်၏ စေလွှတ်ချက် အရဟုဆိုကာ အောက်ပုံပါ သတင်းရေးသားသူမှ ကျမ အဖေကို လာရောက်တောင်းပန်သွားပါတယ်။ ကျမအလုပ်မှအချိန်မီအိမ်ပြန်သော်လည်း မမှီလိုက်သဖြင့် မှတ်တမ်း ဓာတ်ပုံမရလိုက်ပါ။" ဟု သမီးဖြစ်သူ မေဇွန်ဦးက ဖော်ပြပါတယ်။
အခုလို လာရောက်တောင်းပန်မှုမတိုင်ခင် ဖေ့စ်ဘုတ်စာမျက်နှာမှာ သမီးဖြစ်သူက
"ကျမဘဝတစ်လျောက်လုံး သိတတ်စအရွယ် ၃ နှစ်သမီးကနေစလို့ ၂၀၀၅ ခုနှစ်ထိ ... ပြီးတော့ ခု အသက်အရွယ်ထိ အဖေ့ကို ထောင်ဝင်စာတွေ့ လုပ်ကျွေးရုံကလွဲလို့ အဖေ့ရဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်ပြောလေ့ လုံးဝမရှိပါဘူး..ဒါပေမဲ့ ဒီနေ့တော့ အဖေ့ကို ကျမတို့ရွေးချယ်တင်မြောက်ခဲ့တဲ့အစိုးရ ပြည်သူ့အစိုးရလို့ ကျမတို့သတ်မှတ်ခဲ့တဲ့ အစိုးရကသူ့ရဲ့ နိုင်ငံပိုင်သတင်းစာမှာ ဒီလိုရေးထားတာတွေ့တော့ ရင်ထဲမှာ တော်တော်လေးခံစားရပါတယ်။ ကျမတို့မိသားစု ၅ ယောက်ရှိတယ် ... ၅ ကွဲ ကွဲခဲ့တယ် ဘဝတွေပျက်ခဲ့တယ် ... အမေဆုံးခဲ့တယ် .. အစ်ကိုကြီးက တစ်နေရာ .. အစ်ကိုလေးက တစ်နေရာ ... ကျမတို့က တစ်နေရာ... မိသားစု ထမင်းပွဲ မရှိခဲ့ဖူးဘူး .. မိသားစု ဓါတ်ပုံမရှိခဲ့ဖူးဘူး ...ကျမ ထောင် ၇ ထောင် ရောက်ဖူးတယ်။ ဒီလောက် စိတ်ဒဏ်ရာနဲ့ မလုံလောက်သေးလို့များ စိတ်ဒဏ်ရာ ထပ်ပေးနေကြတာလားလို့ လက်ရှိအစိုးရနဲ့တကွ အားလုံးကို မေးချင်ပါတယ်။” လို့ သူက ရင်ဖွင့်မေးခွန်းထုတ်ထားပါတယ်။
ဝေဖန်သူများကမူ သတင်းစာမျက်နှာပေါ်က မှားယွင်းရေးသားဖော်ပြခဲ့မှုကို သတင်းစာထက်ကသာ ပြန်လည်၍ တရားဝင်တောင်းပန်သင့်ကြောင်း ဆိုကြပါတယ်။
အိမ့်သံစဉ် ~
No comments:
Post a Comment