Father Land ကုမ္မဏီပိုင်ရှင် ဦးကျော်မြင့်ကို လသာမြို့နယ် တရားရုံးက အလုပ်နဲ့ထောင်ဒဏ်များ ဒီကနေ့
ချမှတ်လိုက်ပါတယ်။
ပုဒ်မ ၄၂၀ လိမ်လည်မှု နဲ့ ဆွဲဆိုထားတဲ့ အမှုအတွက် အလုပ်နဲ့ထောင်ဒဏ် ၅ နှစ် ကျခံရန်နဲ့ လက်မှတ်အတု
ပြုလုပ်မှု နဲ့စွဲဆိုထားတဲ့ အမှုအတွက် အလုပ်နဲ့ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။
ပန်းဆိုးတန်း အလယ်ဘလောက်က အဆောက်အဦတခု ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး မြေပိုင်ရှင်ရဲ့ လက်မှတ်ကို လိမ်လည်အတုပြုလုပ်တာနဲ့ မြေရှင်နဲ့ ချုပ်ဆိုတဲ့ စာချုပ်ပါ ခံစားခွင့်နဲ့ သဘောတူချက်တွေကို
ပျက်ကွက်ခဲ့မှုတွေကြောင့် ဦးကျော်မြင့်ကို မြေရှင်က လိမ်လည်မှုနဲ့ ၂၀၁၄ ခုနှစ်ကတည်းက စတင် တရားစွဲ ဆိုခဲ့တာဖြစ်ပါတယ်။
အခု မြို့နယ် တရားရုံးက အမိန့်ချမှတ်မှုဟာ အထက်တရားရုံးရဲ့ ဖိအားပေးမှုတွေရှိပြီး ဒါဟာ တိုင်းတရားရုံးက ဖြစ်တယ်လို့ အမိန့်ချမှတ်ခံရအပြီး ဦးကျော်မြင့်က ပြောဆိုပါတယ်။
အရင်က ဒီအမှုကို ကျောက်တံတားမြို့နယ် တရားရုံးမှာ စွဲဆိုထားရာက ရုံးပြောင်းမိန့်နဲ့ လသာမြို့နယ် တရားရုံးကို ပြောင်းလဲ စစ်ဆေး ခဲ့တာဖြစ်ပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment