အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက ဖေဖော်ဝါရီလ ၅ ရက်နေ့ က လုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့၏ ဆုံးဖြတ်ချက်နဲ့ ရှမ်းပြည်နယ် ပါတီအလုပ်အမှုဆောင် အဖွဲ့တွေကို ပြင်ဆင်ဖွဲ့စည်းလိုက်ပါပြီ။
ရှမ်းပြည်နယ် အလုပ်အမှုဆောင်အဖွဲ့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အလုပ်အမှုဆောင်အဖွဲ့၊ ရှမ်းပြည်နယ်တောင်ပိုင်း အလုပ်အမှုဆောင်အဖွဲ့၊ ရှမ်းပြည်နယ် မြောက်ပို်င်း အလုပ်အမှုဆောင်အဖွဲ့ဝင်တွေကို ပြင်ဆင်ဖွဲ့စည်းကြောင်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်နယ် အလုပ်အမှုဆောင် အဖွဲ့တွင် ကလော NLD က ဦးဇော်မင်းလတ်ကို ဥက္ကဌ အဖြစ် တာဝန်ပေးထားပြီး ဒု ဥက္ကဌ အဖြစ် လားရှိုး NLD မှ ဦးစိုင်းမြင့်မောင်၊ အတွင်းရေးမှုအဖြစ် NlD ရပ်စောက်မြို့နယ်က ဦးမောင်မောင်စိန်၊ တွဲဖက် အတွင်းရေးမှုအဖြစ် ကျိုးင်းတုံ NLD က ဒေါ်နီလာဝင်းတို့ကို တာဝန်ပေးထားသည်။
ယမန်နှစ်က ရှမ်းပြည်နယ် NLD အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ထုတ်ပယ်ချင်း တာဝန်က ရပ်ဆိုင်းခြင်းစသည့် အငြင်းပွားဖွယ်ရာ ကိစ္စများ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်ဖွဲ့စည်းခြင်းလည်း ဖြစ်သည်။
ကြေညာချက် အပြည့်အစုံကို အောက်မှာ ပူးတွဲဖော်ပြပါတယ်။
အိမ့်သံစဉ် ~
ဓာတ်ပုံ- NLD ( youth) Shan State NLD

No comments:
Post a Comment