ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခမ်းမမှာ ယနေ့ ကျင်းပပြုလုပ်တဲ့ ဦးကိုနီနဲ့ ကိုနေဝင်းတို့အား ၁ လ ပြည့် အနေနဲ့
ဂုဏ်ပြု အောက်မေ့ဘွယ်အခမ်းအနားမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ အနေနဲ့ လုပ်သင့်လုပ်ထိုက်တာ မလုပ်ရဲသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဟပြောဆိုသွားပါတယ်။
"ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ရဲသေးတဲ့ အခြေအနေမှာ၊ မလုပ်သင့် မလုပ်ထိုက်တာကို
ကြောက်လို့ မလွန်ဆန်ရဲတဲ့ အချိန်မှာ၊ ဒီလို ကျမတို့ အဖွဲ့ချူပ်ရဲ့ အာဇာနည်သူရဲကောင်းများ ကျမတို့ အဖွဲ့ရဲ့ သားကောင်းများ နိုင်ငံတော်ရဲ့ သားကောင်းများ ရှိခဲ့တယ်ဆိုတဲ့ အသိကို အမြဲပဲအောက်မေ့ပြီးတော့
အင်အားဖြည့်ကြပါစို့ လို့ ကျမအနေနဲ့ ထပ်လောင်းပြီးတော့ ပြောကြားချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ "လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
အခုလို ပြောဆိုမှုဟာ အစိုးရ သက်တမ်း ၁၀ လကျော်ကလတွင် ပထမဆုံး ပြောဆိုတာလည်းဖြစ်ပြီး လက်ရှိ NLD အစိုးရ ရဲ့ ပကတိအခြေအနေကို အတိအလင်း ထုတ်ဖော်ပြောဆိုသွားတာလည်းဖြစ်ပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment