မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအမ်းရဲ့ ညီအကိုတော်စပ်သူ ကင်မ်ဂျုံနမ်ကို မလေးရှား နိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ အဆိပ် အပ်နဲ့လုပ်ကြံသတ်ဖြတ်သူ အမျိုးသမီးဟု ယူဆရသူ အမျိုးသမီးမှာ မြန်မာနိုင်ငံမှဟု သတင်းတခုက ဆိုလာပါတယ်။
မလေးရှားသတင်းအေဂျင်စီက ကင်မ်ဂျုံနမ်ကို သတ်ဖြတ်မှုနဲ့ မသင်္ကာသူ မြန်မာနိုင်ငံမှ အမျိုးသမီးတဦးကို လေဆိပ်မှာ ဖမ်းဆီး စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး ရေးသားဖော်ပြနေပါတယ်။
အဲဒီ အမျိုးသမီးဟာ စီစီတီဗွီ မှတ်တမ်းအရ သံသယဖြစ်သူလို့ မလေးရှားရဲတွေက ဆိုပြန်ပါတယ်။
ဒါပေမယ့် နောက်ထပ် သတင်းတွေမှာတော့ ကင်မ်ဂျုံနမ်ကို သတ်တယ်လို့ ယူဆရသူ အမျိုး သမီး ၂ ဦး
အနက် သံသယဖြင့် လက်ရှိ ဖမ်းဆီးထားသူသည် ဗီယင်နမ်အမျိုးသမီးဟု ယုံကြည်ရကြောင်း မလေးရှား ရဲတပ်ဖွဲ့က ပြောသည်ဟုလည်း ဆိုပါတယ်။
ရဲတပ်ဖွဲ့အဆိုအရ စီစီတီဗွီမှတ်တမ်းထဲက ပုံတွေနဲ့အခု ဖမ်းမိထားသူဟာ အတော်ပဲ တူနေတယ်လို့ ဆိုထားပါတယ်။
စီစီတီဗွီမှတ်တမ်းအရ အမျိုးသမီး ၂ ယောက်ဟာ ကင်မ်ဂျုံနမ်ကို အဆိပ်အပ်နဲ့တိုက်ခိုက်အပြီး ထွက်ပြေးကာ တက္ကစီပေါ်ကို တက်သွားတာဖော်ပြထားပါတယ်။
အိမ့်သံစဉ် ~
ဆက်စပ်သတင်း။ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အကို၊ မလေးရှားလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရ

မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကွယ်လွန်သူ ကင်မ်ဂျုံ အီးနဲ့ ယခု အသတ်ခံရသူ ကင်မ်ဂျုံနမ်တို့ အတူထိုင်နေသည့်ပုံ
အိမ့်သံစဉ် ~
ဆက်စပ်သတင်း။ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အကို၊ မလေးရှားလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံရ
No comments:
Post a Comment