ကင်မ်ဂျုံနမ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံက သံတမန်ဆက်ဆံရေး အားစမ်းမှုခြေတလှမ်း တက်လှမ်းလိုက်ပါတယ်။ ဘီဘီစီက ကြားဖြတ်သတင်းအရ မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံတမန်ကို မလေးရှားနိုင်ငံ၊နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၏ အဖေတူ အမေကွဲ အကိုတော်စပ်သူ ကင်မ်ဂျုံနမ်ဟာ အဆိပ်နဲ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာ
ဖြစ်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ယုံကြည်ထားပါတယ်။
မလေးရှားနိုင်ငံကတော့ ဒီ လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံက စီစဉ်တာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပြီးနောက် မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံတမန်က ၄င်းကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုပေးဖို့ အခုလို မလေးရှား အစိုးရက ဆင့်ခေါ်လိုက်တာပါ။
မလေးရှားနိုင်ငံဟာ မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး ရှိတဲ့ နိုင်ငံ အနည်းငယ်ထဲက တခုလည်းဖြစ်
ပြီး ဒါဟာ သံတမန် ဆက်ဆံရေးမှာ အားစမ်းမှုတခုလည်းဖြစ်ပါတယ်။
ဒီနောက် လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအမျိုးသမီး ၁ ဦး၊ ဗီယက်နမ် ပါ့စ်ပို့ကိုင်ဆောင်ထားသူ အမျိုးသမီးတဥိး၊ မလေးရှားနိုင်ငံသား ၁ ဦးနဲ့ မြောက်ကိုရီးယား ဓာတုပညာရှင် တဦး စုစုပေါင်း ၄ ဦးကို ဖမ်းဆီးထားမိပြီးဖြစ်တယ်လို့ မလေးရှားရဲက အတည်ပြုထုတ်ပြန်ကာ နောက်ထပ် မြောက်ကိုရီးယားနိုင်ငံသား ၄ ဦးကို ဆက်လက်ရှာဖွေနေတယ်လို့ ဆိုထားပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment