Pages

Saturday, February 25, 2017

အာဏာမဲ့ ဖြစ်နေတဲ့ ပြန်ပေးဆွဲခံ အစိုးရလား

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၁၂ ခုနှစ် ဧပြီလမှာ ကျင်းပတဲ ကြားဖြတ်ရွေးကောက်ပွဲကို စတင်ဝင်ရောက်ခြင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဝင်ရောက်ပြီး လွှတ်တော်ထဲ ရောက်ခဲ့တယ်။
ကာတွန်း၊ ဟန်လေး


၂၀၁၅ ခုနှစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်ကို မလိုလားတော့တဲ့ ပြည်သူတွေရဲ့ တခဲနက် ထောက်ခံမှုနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ မဲအပြတ်အသတ်နိုင်ပြီး အစိုးရ ဖွဲ့ခွင့်ကို လွတ်လွတ်ကျွတ်ကျွတ်ရခဲ့တယ်။

ဒါကြောင့် ရွေးကောက်ခံ အစိုးရဖြစ်လာပေမယ့် အရေးပါတဲ့ ဝန်ကြီးဌာန ၃ ခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ စစ်တပ်ကပဲ ဆက်ကိုင်ထားတယ်။ လွှတ်တော်ထဲမှာလည်း ၂၅ ရာခိုင်နှုန်းက စစ်တပ်က ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်စရာ မလိုပဲ ထိုင်ခွင့်ရနေတယ်။

 ဒီအခြေအနေကနေ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် မရပေမယ့် စစ်ဗိုလ်ချုပ်တွေ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့အားနည်းချက်ကို အသုံးချတတ်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုင်ငံတော် အတိုင်ပင်ခံ ဆိုတဲ့ ရာထူးကို ရခဲ့တယ်။

သမ္မတ အဖြစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရင်းနှီးဆုံးတွေထဲ တယောက် ဦးထင်ကျော်က တာဝန်ယူတယ်။

ဒီတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးထင်ကျော်တို့အစိုးရဟာ ရွေးကောက်ပွဲ မတိုင်ခင်က ပြည်သူကို ပေးခဲ့တဲ့ ကတိတွေအတိုင်း အကောင်အထည် ဖော်မယ်လို့ ပြည်သူတွေက ယုံကြည်ခဲ့တယ်။ ယုံကြည်ပေးခဲ့တယ်။

 ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဟာ အတတ်နိုင်ဆုံး ပြည်တွင်း ပြည်ပ နိုင်ငံရေးတွေအတွက် အကောင်းဆုံးတော့ လုပ်နေတယ်လို့ ရခိုင်မြောက်ဖျားက အရေး၊ ကချင်နဲ့ ရှမ်းပြည်နယ်က အရေး၊ ကရင်၊ မွန်၊ ကယားပြည်နယ်က အရေးတွေမှာတော့ ကျွန်ုပ်တို့ရဲ့ ရွေးကောက်ခံ အစိုးရကြီးရဲ့ အာဏာစက်ဝန်းကို နည်းနည်း မေးခွန်းထုတ်ချင်လာခဲ့တယ်။

 အဲ အခု နောက်ဆုံး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး ရှေ့နေ ဦးကိုနီလေဆိပ်မှာ လုပ်ကြံခံရ
ပြီး အဲဒီကိစ္စနဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီးတဲ့ အချိန်မှာ ဒီ/ချုပ် အစိုးရဟာ အာဏာမဲ့တဲ့ ရွေးကောက်ခံ အစိုးရ၊ သို့တည်းမဟုတ် အာဏာမဲ့တဲ့ ပြန်ပေးဆွဲခံထားတဲ့ အစိုးရ၊ သို့မဟုတ်
ကျေကျေနပ်နပ် ပြန်ပေးဆွဲခံ အစိုးရ များဖြစ်နေပြီလားလို့ မေးခွန်းထုတ်မိတယ်။

 စာဖတ်ပရိသတ်တွေလည်း လွတ်လပ်စွာ သဘောထား ကွဲနိုင်ပါတယ်။ အေးအတူ ပူအမျှ လွတ်လပ်စွာ ဆွေးနွေးငြင်းခုန်နိုင်ပါတယ်။ ကဲ လာ ဆွေးနွေးကြစို့... ငြင်းခုန်ကြစို့..



 အိမ့်သံစဉ် ~




No comments:

Post a Comment