Pages

Tuesday, February 21, 2017

ဒီစင်္ကြာဝဠာအပြင်က အသစ်တွေ့ရှိမှုတွေကိစ္စ နာဆာက သတင်းစာရှင်းလင်းပွဲ လုပ်မယ်

ကျမတို့ရဲ့ နေစင်္ကြာဝဠာ စနစ်ကြီးရဲ့ အပြင်ဘက်မှာ ထူးခြားတဲ့ ဂြိုလ်ကမ္ဘာသစ် ရှာဖွေတွေ့ရှိမှုတွေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ တခမ်းတနား သတင်းစာရှင်းလင်းပွဲ တရပ်ကို ပြုလုပ်သွားဖို့ကြေညာလိုက်ပါတယ်။



ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ နယူးယောက် စံတော်ချိန် နေ့လယ် ၁ နာရီမှာ နာဆာရဲ့သတင်းစာရှင်းလင်းပွဲကို စတင်ကျင်းပမှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

 အဲဒီ သတင်းစာရှင်းလင်းပွဲကြီးမှာ ကမ္ဘာတဝှမ်းက သိပ္ဗံပညာရှင်တွေ၊ အာကာသ ယာဉ်မှူးတွေနဲ့ အခြားပညာရှင်တွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
နာဆာက ကြေညာမယ့် ကိစ္စဟာ ဂြိုလ်သားတွေ ကိစ္စလား၊ ဒီအပြင် ဘာ ဂြိုလ်သစ်တွေနဲ့ပတ်သက်လည်းဆိုတာ စိတ်ဝင်စားစရာပါ။
နာဆာရဲ့ ထုတ်ပြန်မှုကို မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက် ၁၂ နာရီ ၃၀ မိနစ်မှာ space.com က တိုက်ရိုက် ထုတ်လွှင့်မှာဖြစ်ပါတယ်။ အများပြည်သူတွေအနေနဲ့လည်း မေးခွန်းမေးမယ်ဆိုရင် #AskNasa ဆိုပြီး သတင်းစာရှင်းလင်းပွဲ ကျင်းပနေချိန်မှာ မေးခွန်းတွေကို တွစ်တာကနေတဆင့်လည်း မေးလို့ရတယ်လို့ နာဆာက ထုတ်ပြန်ပြောဆိုထားပါတယ်။ မြန်မာ ပရိသတ်တွေလည်း မိမိသိလိုတဲ့ မေးခွန်းတွေကို မေးမြန်းနိုင်ပါတယ်။

 ဒါဟာ ကျမတို့ရဲ့ နေစင်္ကြာဝဠာ အပြင်ဘက်မှာ တခြား ဂြိုလ်ကမ္ဘာတွေ ရှိတယ်ဆိုတဲ့ အနုမာန ကောက်ချက်တွေကို အတည်ပြုပေးမယ့် သိပ္ဗံဆိုင်ရာ အောင်မြင်မှုခြေလှမ်းသစ်လည်း ဖြစ်ပြီး နောက်ထပ် တွေ့ရတဲ့ ဂြိုလ်ကမ္ဘာတွေမှာ သက်ရှိ သတ္တဝါတွေတွေ့နိုင်ရတယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ မျှော်လင့်ချက်တွေလည်း ပိုမြင့်မားလာပါပြီ။

ထို့အတူ ဒီ စင်္ကြာဝဠာအပြင်ဘက်မှာ အသက်ရှင်နေထိုင်နိုင်မယ့် နေရာတွေ ရှိနေတယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပိုပြီးကြီးမားလာတာပါပဲ။

   


 အိမ့်သံစဉ် ~



No comments:

Post a Comment