Jeep ကား ချစ်သူတွေအတွက် အခု ချက်သမ္မတနိုင်ငံမှာ Jeep ကားသစ် မိတ်ဆက်တာလေးအကြောင်းပါ။
ဂျစ်ကားဆိုတာ တောလမ်း၊ တောင်လမ်း လမ်းကြမ်းတွေအတွက် အလွန်အသုံးတည့်တဲ့ ကားမျိုးလည်း ဖြစ်တာ ကားချစ်သူတိုင်း သိပြီးဖြစ်မှာပါ။
ကားထုတ်လုပ်မှုမှာ နာမည်ကြီးတဲ့ ဥရောပ နိုင်ငံတွေထဲက တခုဖြစ်တဲ့ ချက်သမ္မတနိုင်ငံမှာ အခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆောင်းတွင်း စီး Jeep Renegade Winter Rock (JEEP 4x4 WINTER RENEGADE ) ဆိုတာကို မိတ်ဆက်ခဲ့ပြီး ဒီ ဂျစ်ကားဟာ အားကောင်းတဲ့ အချက်တွေ တော်တော်များများ ပါဝင်ပါတယ်။
-Electrically operated and heated door mirrors
-manual air conditioning
-Rear parking sensors
-Uconnect Live system
-Uconnect - 5 "touch screen, bluetooth
-6 speakers
-The Stop & Start
ချက်နိုင်ငံက ထုတ်တဲ့ စက်မှုပစ္စည်းတွေဟာ ဥရောပ စံချိန်တွေနဲ့အညီထုတ်လုပ်ထားတာဖြစ်ပြီး အဆင့်မြင့် နည်းပညာတွေကိုလည်း အသုံးပြုထားသလို ဈေးနှုန်းအားဖြင့်လည်း အခြား ဥရောပနိုင်ငံတွေထက် သက်သာဈေးချိုတာ ထူးခြားတဲ့ အချက်တခုလည်းဖြစ်ပါတယ်။
ဒါကြောင့် ကားချစ်သူတွေ ချက်နိုင်ငံက ဂျစ်ကားကို စိတ်ဝင်စားမယ်ဆိုရင် ဒီနေရာက တဆင့် အသေးစိပ် လေ့လာကြည့်ရှုမှာယူနိုင်ပါတယ်။

ဓာတ်ပုံ- Jeep.cz

အိမ့်သံစဉ် ~
No comments:
Post a Comment