( ယမန်နေ့ ) ယနေ့ ပြည်ထဲရေးက သတင်းစာရှင်းလင်းပွဲလုပ်တဲ့ အစီရင်ခံစာက သမ္မတရုံးဝန်ကြီးဌာနကို
အရင်ရောက်ရှိမှာပါ။
ထိုအစီရင်ခံစာက ကျေနပ်ဖွယ်ရာမျိုး မရှိလှတာကြောင့် သမ္မတရုံးကနေ သတင်းထုတ်ပြန်ပေးခြင်း မပြုဘဲ ပြည်ထဲရေးဝန်ကြီးဌာနကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်စေပြီး ပြည်ထဲရေးကို ပြည်သူနဲ့ တိုက်ရိုက်ပေးတွေ့လိုက်တဲ့ သဘောမျိုးလို့ တွေးမိရပါတယ်။
ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ သတင်းစာရှင်းလင်းပွဲကို အများပြည်သူတွေက ဘယ်လို တုံ့ပြန်ပြောဆိုနေကြတယ်ဆိုတာကတော့ လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာနက တွဲဖက်ပူးပေါင်း ပါဝင်ခြင်း မရှိတာကိုလည်း သတိထားမိရပါတယ်။
ဆိုရရင် လက်ရှိအစိုးရဟာ သူ့မှာ အသုံးပြုနိုင်တဲ့ အာဏာသက်ရောက်မှုအရ ပြည်ထဲရေးဝန်ကြီးဌာနကို
ညွှန်ကြားပြုမူစေပြီး ကျန်တဲ့အပိုင်းဟာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းသာ ဖြစ်တယ်လို့ သွယ်ဝိုက်သောအားဖြင့် အဓိပ္ပါယ်သက်ရောက်အောင် ဖော်ပြလိုက်ခြင်းမျိုးဖြစ်ကာ ပြည်ထဲရေးဝန်
ကြီးဌာနရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအား ပြည်သူရဲ့ အဆုံးအဖြတ်ကို ရယူခိုင်းလိုက်ခြင်းမျိုးလို့ တွေးမိရပါ
တယ်။
ယနေ့သတင်းစာရှင်းလင်းပွဲကိစ္စနဲ့ ပတ်သက်တဲ့ သတင်းကို သမ္မတရုံးစာမျက်နှာမှာ ခုချိန်ထိ ဖော်ပြထားခြင်းမရှိသေးတာကို သတိထားမိရပါတယ်။ ။
ဟိန်းထိုက်ဈာန်
No comments:
Post a Comment