Pages

Monday, February 20, 2017

AGTI ပေါင်းကူး ပြန်လည် ခွင့်ပြု

AGTI တတိယနှစ် အောင်မြင်သူတွေထဲက ထူးချွန်စွာအောင်မြင်သူတွေအနေနဲ့ အဆင့်မြင့် သင်တန်းတွေကို ဆက်လက် တက်ရောက်သင်ကြားနိုင်ပါတယ်။




၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ နေ့စွဲနဲ့ထုတ်ပြန်တဲ့ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်စာအရ အစိုးရ နည်းပညာ ကော်လိပ်နဲ့ အစိုးရ စက်မှု လက်မှုသိပ္ဗံများက AGTI (တတိယနှစ်) အောင်မြင်သူ စုစုပေါင်း၏ အမှတ်အများဆုံး ၁၀ ရာခိုင်နှုန်း၊ ပျမ်းမျှ ၇၅ မှတ်နှင့် အထက် ရရှိသူများကို အဆင့်မြင့် ပညာ ဦးစီးဌာန လက်အောက်ရှိ နည်းပညာတက္ကသိုလ်များ၏ တတိယနှစ် သင်တန်းတွင် တက်ရောက်ခွင့် ပြုကြောင်း သိရပါတယ်။

နည်းပညာတက္ကသိုလ်တက်ဖို့အခွင့်အရေး မရလိုက်ပဲ AGTI မှာတက်ခွင့်ရခဲ့သူတွေအတွက်  ဒါဟာ GTI ပေါင်းကူတွေကို ပြန်လည်း ခွင့်ပြုတာဖြစ်ပြီး စာတော်ရင် အသက်ကြီးလည်း ကျောင်းဆက်တက်လို့ရနိုင်တယ်ဆိုတာ အခု သက်သေပြချက်လည်း ဖြစ်ပါတယ်။



အိမ့်သံစဉ် ~



No comments:

Post a Comment