Pages

Monday, February 6, 2017

စုံတွဲ ၁၄၁ တွဲရဲ့ စုပေါင်း မင်္ဂလာဆောင်ပွဲ

အိန္ဒိယနိုင်ငံ အာမေဒါဘတ်မြို့ ဆင်ခြေဖုံး နေရာတခုမှာ အလှူရှင် အဖွဲ့အစည်းတခုရဲ့ ရံပုံငွေ  မ, တည်မှုနဲ့ စုပေါင်း မင်္ဂလာဆောင် အခမ်းအနားတခုကို ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ-CFP


အဲဒီ စုပေါင်း မင်္ဂလာဆောင်မှာ စုံတွဲပေါင်း ၁၄၁ တွဲရဲ့ တပြိုင်တည်း စုပေါင်း မင်္ဂလာဆောင်ကြတာလို့ The Global Times သတင်းတပုဒ်က ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ စုပေါင်း ရှင်ပြုပွဲဆိုတာမျိုးပဲ လူသိများကြမယ် ထင်ပါတယ်။ အခုလို စုပေါင်း မင်္ဂလာပွဲလိုမျိုးတော့ မရှိသလောက် ရှားပါးမယ် ထင်ပါတယ်။ တခါတရံတော့ ၂ စုံတွဲ ၃ စုံတွဲလောက် တပြိုင်တည်း မင်္ဂလာဆောင်ကြတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် ဒါမျိုးကလည်း အတော်ရှားပါးတာပါ။

 အိန္ဒိယနိုင်ငံမှာကတော့ ရိုးရာယဉ်ကျေးမှုအရ မင်္ဂလာဆောင်ရတာ ပကာသန မပါရင်တောင် ငွေကုန်ကြေးကျ အတော်များပါတယ်။ တင်တောင်းရတဲ့ ရွှေ ငွေ၊ တိရိစ္ဆာန်၊ မြေ အစရှိတဲ့ တန်ဘိုးအလိုက် တင်တောင်းကြရတဲ့ ဓလေ့က အခုထိ တွင်ကျယ်နေဆဲမို့လည်း ဖြစ်ပါတယ်။







အိမ့်သံစဉ် ~



No comments:

Post a Comment