Pages

Tuesday, May 23, 2017

မဘသ အဖွဲ့ကို ဖျက်သိမ်းပြီ

မဘသ လို့လူသိများတဲ့ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဆိုတာကြီးကို နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့ကြီးက ၄င်းအမည်နာမနှင့် ရုံးခန်းဆိုင်းဘုတ်များ ဖြုတ်ချရန်နဲ့ မဘသ ဟူသော အမည်ကို မသုံးစွဲရန် ယနေ့ဆုံးဖြတ်ချက် ချမှတ်လိုက်ပါပြီ။




မဘသ ဆိုင်းဘုတ်များ ဖြုတ်ရန်နှင့် မဘသ အမည်ကို တစ်ဦးခြင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ သုံးစွဲ၍ မည်သည့်လှုပ်ရှားမူ ကိုမျှ ဆောင်ရွက်ခွင့်မရှိကြောင်း၊ သံဃာဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ မည်သူမျှဆောင်ရွက်ခွင့်မရှိကြောင်းနှင့် မလိုက်နာပါက သက်ဆိုင်ရာဥပဒေများအရ(သံဃာ/ လူပုဂ္ဂိုလ် ) မည်သူ့ကိုမဆို၊ ပြည်ထဲရေးဌာနမှ အရေးယူရန်နှင့်၊ သံဃာ အဖွဲ့စည်း အဆင့်ဆင့်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန ဦးစီးဌာန အသီသီးသို့ပေးပို့ပြီး၊ တိုင်းသံဃာ့နာယကက အဖွဲ့ဥက္ကများအားလုံးနှင့် လက်ရှိ မ.ဘ.သ တွင် ဥက္ကဌ အဖြစ် တာဝန်ယူထားသော ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးတိလောက တို့ထံ ဆက်ကပ်လွှာ(အကြောင်းကြားစာ)ကို ယနေ့ရက်စွဲဖြင့် ပေးပို့လိုက်ခြင်းဖြစ်ပါတယ်။

 လူမျိုးရေး၊ဘာသာရေး အထိကရုန်းများ၊ အမုန်းတရား ဖြန့်ဝေမှုများနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မဘသ အဖွဲ့က ဆရာတော်များ၊ လူပုဂ္ဂိုလ်များကလည်း မဟန အဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရမည့်အကြောင်း ထုတ်ပြန်ချက် အပြည့်အစုံမှာ..







 ဓာတ်ပုံ/ The Voice





No comments:

Post a Comment