Valentine ဆိုတဲ့ စကားလုံးကတော့ ခရစ်ယာန် အာဇာနည်လို့အဓိပ္ဗာယ်ရတဲ့ ရှေးကျတဲ့ ရောမ စာလုံးဖြစ်ပါတယ်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို အချစ်နေ့ ဒါမှမဟုတ် ချစ်သူများနေ့ရယ်လို့ စတင်ကျင်းပလာခဲ့တာက တော့ အတော်ကို ကြာလာခဲ့ပြီလို့ ဆိုရမှာပါ။
အဓိကအားဖြင့် ရောမမှာ ၃ ရာစုလောက်က သူတော်စင် စိန့် ဗာလင်တိုင်းကို ရောမသူ/ ရောမသားတွေက နှစ်စဉ် အထိမ်းအမှတ် ဂုဏ်ပြုပွဲကျင်းပလာခဲ့ကြတာကနေ အချစ်နေ့ သို့မဟုတ် ချစ်သူများနေ့ရယ်လို့ ဖြစ်ပေါ်လာခဲ့တာပါ။
လူတွေဟာ လက်ထပ်ထိမ်းမြားခြင်း မပြုမီ တယောက်ကိုတယောက် စုံမက်မြတ်နိုးမှုတွေနဲ့ပတ်သက်ပြီး
တရားရုံးမှာ စိန့်ဗာလင်တိုင်းနဲ့ တိုင်တည်ပြီး မေတ္တာတရား၊ ချစ်ခြင်း မေတ္တာဆိုတာတွေနဲ့ အဓိက ဂုဏ်ပုဒ်ထပ်တူပြုခဲ့ကြတယ်တဲ့။
စိန့် ဗာလင်တိုင်း ကွယ်လွန်သွားတဲ့အခါမှာတော့ သူ့ကို ရောမမြို့ မြောက်ဖက် Ponte Milvio အနားက Via Flaminia မှာ မြှုပ်နှံ သဂြိုလ်ခဲ့တယ်လို့ ဆိုတယ်။
လူတွေကလည်း စိန့် ဗာလင်တိုင်းကို Terni ရဲ့ ဗာလင်တိုင်း အဖြစ် အသိအမှတ်ပြုကြသလို ရောမရဲ့ ဗာလင်တိုင်းလို့လည်း အသိအမှတ်ပြုကြတယ်။
တာရ်နီ သို့မဟုတ် ရောမက ဗာလင်တိုင်းဆိုတဲ့ အငြင်းပွားမှုတွေနဲ့အတူ တကယ်တမ်းမှာတော့ အခုထိ အဖြေ မရှိသေးတဲ့ မေးခွန်းပေါင်းများစွာကတော့ စိန့်ဗာလင်တိုင်းနဲ့ပတ်သက်ပြီး ရှိနေဆဲလို့လည်း ဆိုပါတယ်။
ဒါပေမယ့် နောက်ပိုင်းမှာတော့ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကပါ ချစ်သူများနေ့ သို့မဟုတ် ချစ်ခြင်း မေတ္တာနေ့ အဖြစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကို ကျင်းပလာကြတာ အနောက်နိုင်ငံတွေတင်မကတော့ပဲ အာရှတိုက်ထိပါ ရောက်လာခဲ့ပြီး မြန်မာနိုင်ငံမှာလည်း အခုလို ချစ်သူများနေ့မှာ ချစ်သူ စုံတွဲတွေ အချင်းချင်း အပြန်အလှန် ချစ်လက်ဆောင်တွေပေးကြနဲ့ အတော်ပဲ တွင်ကျယ်နေပါပြီ။
တကယ်တော့ ဗာလင်တိုင်းနေ့ ဆိုတာ ချစ်သူတွေတွေအတွက် နေ့စဉ်ပဲ ဖြစ်နေမယ်ဆိုတာတော့ မမေ့လျော့သင့် ဘူးလို့ ယုံကြည်ပါတယ်။
ချစ်သူတွေအတွက်နေ့စဉ် ဗာလင်တိုင်းနေ့ဖြစ်ပါစေ....
ချစ်ခြင်း မေတ္တာတရားဟာ အမုန်းတရားရဲ့ ဆန့်ကျင်ဖက်ဖြစ်ပါတယ်။
အမုန်းဟာ တကယ်တော့ ပျက်စီးရာ အကြောင်းဖြစ်ပြီး ချစ်ခြင်းဟာ တည်ဆောက်ရာ အကြောင်းလည်း ဖြစ်ပါတယ်။
ချစ်ခြင်းနဲ့ ငြိမ်းချမ်းခြင်းကို တည်ဆောက်နိုင်ပြီး အမုန်းကတော့ ငြိမ်းချမ်းမှုကို ဖျက်ဆီးတတ်ပါတယ်။
ဒီနေရာမှာ မာတင်လူသာကင်းရဲ့အဆိုအမိန့်လေးက စာဖတ်ပရိသတ်အတွက် တစုံတရာ အတွေးစလေး ရမယ်လို့ ယုံကြည်မျှော်လင့်ရင်း...
“Darkness cannot drive out darkness: only light can do that. Hate cannot drive out hate: only love can do that.” ― Martin Luther King Jr., A Testament of Hope: The Essential Writings and Speeches
အိမ့်သံစဉ် ~

No comments:
Post a Comment