အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ မှာ မနေ့က ကျင်းပခဲ့တဲ့ လက်ပစ်ဘောလုံး ( Super Bowl ) ပြိုပွဲရဲ့ အားလပ်ချိန်ဖျော်ဖြေပွဲမှာ နာမည်ကျော် အဆိုတော် လေဒီ ဂါဂါက စည်းလုံး ညီညွှတ်ကြဖို့တိုက်တွန်းရင်း သူရဲ့ ရင်သိမ့်တုန် ဖျော်ဖြေမှုတွေနဲ့ ရှုစားသူ ပရိသတ်တွေအတွက် အတော်စွဲမက်စေခဲ့ပါ တယ်။
ဟူစတန် ကစားကွင်း ထိပ်ကနေ သီချင်းဆိုရင် လေထဲကနေ ခုန်ပျံဝဲကာ ကွင်းလယ်က စင်ပေါ်ကို ဆင်းသက်လာ ကာ သီဆိုကခုန်မှုတွေနဲ့ ပရိသတ်ကို ဖျော်ဖြေခဲ့တာပါ။
မြန်မာအပါအဝင် အာရှနိုင်ငံတွေက လူတွေအနေနဲ့အခုလို အမေရိကန်တွေရဲ့ အသည်းစွဲ လက်ပစ် ဘောလုံးကစား နည်းဟာ ခပ်စိမ်းစိမ်း ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် အမေရိကန် လက်ပစ်ဘောလုံးကို ချစ်မြတ်နိုးသူတွေက ရုပ်မြင်သံကြားတွေကနေတဆင့် အားပေးမယ့် ပရိသတ်တွေကတော့ သန်း ၁၀၀ ကျော်လောက်ရှိပါလိမ့်မယ်။
အခု ပြိုင်ပွဲကို ဝင်ကြည့်မယ်ဆိုလည်း ကုန်ကျစာရိတ်က လက်မှတ်တစောင်ကို ဒေါ်လာ ၂၀၀၀ ကျော်က အနည်းဆုံးပါပဲ။ တချို့ နေရာကောင်းတွေအတွက်ဆို ဒေါ်လာ ၁ သောင်းနီးပါးထိ ရှိတယ်လို့ ဆိုပါတယ်။ အလွန်ဈေးကြီး တဲ့ အသည်းစွဲ အမေရိကန် ဘောလုံးပွဲမို့လည်း ဖြစ်ပါလိမ့်မယ်။ ကြော်ငြာခတွေကလည်း အရမ်း ဈေးကြီးလွန်းပါတယ်။
ဒါပေမယ့် လေဒီ ဂါဂါ ကတော့ ဒီ ဖျော်ဖြေမှုအတွက် ပိုက်ဆံ မရပါဘူး။ ဒါပေမယ့် သူက ဒီပွဲကို ကျေကျေနပ်နပ် သီဆိုဖျော်ဖြေခွင့် ရတာကိုပဲ သူ့ငယ်စဉ် အိပ်မက်ကို အကောင်အထည်ဖော်ရလို့ ကြည်နူးနေခဲ့တာပါတဲ့။
လေဒီ ဂါဂါရဲ့ဖျော်ဖြေမှုကိုတော့ အခု ဗီဒီယိုမှာ ရှုစားနိုင်ပါတယ်။
အိမ့်သံစဉ် ~
No comments:
Post a Comment