အမေရိကန် သမိုင်းမှာ လတ်တလော လူကြိက် အနည်းဆုံး သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မွတ်စလင်နိုင်ငံတချို့က တရားဝင်ဗီဇာရလို့ အမေရိကန်ပြည်တွင်း ဝင်လာသူတွေကို ပြည်ဝင်ခွင့်ယာယီပိတ်ပင်တဲ့ အမိန့်ကို ထတ်ပြန်ခဲ့တာကို ပြည်ထောင်စု တရားသူကြီး ဂျိမ်း ရိုဘတ်က ပယ်ဖျက်လိုက်ပါတယ်။
တရားသူကြီး - James Robart ( ဓာတ်ပုံ- The Guardian)
တရားသူကြီးရဲ့ အမိန့်ကို အမေရိကန်ပြည်ထောင်စု အမိမြေလုံခြုံရေး ဝန်ကြီးဌာနကလည်း လိုက်နာကျင့်သုံးပြီး မဏ္ဍိုင် ၃ ရပ် သီးခြားစီ အာဏာအပြည့်ရှိတဲ့ အမေရိကန်ရဲ့ ဒီမိုကရေစီ စနစ်ကို မီးမောင်းထိုးပြလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ အမိန့်ကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ လေဆိပ်တချို့မှာ အခက်အခဲတွေ ဆက်တိုက်ဖြစ်နေခဲ့ပြီး နော်ဝေ ဝန်ကြီးချုပ်ဟောင်းတောင် ပြည်ဝင်ခွင့် ငြင်းပယ်ခံရတဲ့ အဖြစ်နဲ့ရင်ဆိုင်ခဲ့ရတာမျိုးပါ။ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အမိန့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း ဆက်တိုက်ဖြစ်နေချိန်ပါ။
သမ္မတ ထရမ့်ကတော့ တရားသူကြီးက သူ့အမိန့်ကို ပယ်ဖျက်လိုက်တဲ့အတွက် ဒေါသတကြီး တုံ့ပြန်ပြောဆိုပါတယ်။
အခုတော့ သမ္မတ ထရမ့်အမိန့်ကို လိုက်နာဖို့မလိုတဲ့ အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ နိုင်ငံတွေက အမေရိကန်သံရုံးတွေကိုအကြောင်းကြားထားပါပြီ။
အခုတော့ အခက်တွေ့နေတဲ့ မွတ်စလင်ခရီးသွားတွေ၊ သက်ဆိုင်ရာ အမေရိကန် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတွေ၊ လွှတ်တော်အမတ်တွေနဲ့ လေကြောင်းလိုင်းတွေပါ သက်သာရာရသွားတဲ့အခြေဆိုက်ရောက်ပြီလို့ဆိုရမှာပါ။
ဒါပေမယ့် လေ့လာသူတချို့ကတော့ ထရမ့်အနေနဲ့ ဘယ်လို ကြောင်တောင်တောင် အမိန့်တွေဆက်ထုတ်မလဲဆို တာ စိတ်ပူရင်း စောင့်ကြည့်ရမှာပဲလို့ပြောဆိုနေကြပါတယ်။
အိမ့်သံစဉ် ~
No comments:
Post a Comment