ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက လုပ်တဲ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ မျိုးချစ်စိတ်လွန်ကဲပြီး လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မျိုးချစ်စိတ်ဆိုတာနဲ့ပတ်သက်ပြီး အခုလို မှတ်ချက်ပေးပြောဆိုလိုက်ပါတယ်။
"ကျွန်မ သိပ်ပြီးတော့ မျိုးချစ်စိတ်ဓာတ်တွေ ဘာတွေအကြောင်း မပြောချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုဆိုလို့ရှိရင် ဒီ မျိုးချစ်စိတ်၊ မျိုးချစ်စိတ် ဆိုပြီးတော့ ဟိုလူ့ တိုက်လိုက် ၊ ဒီလူ့ တိုက်လိုက် လုပ်နေကြတယ်။
ဒါကြောင့်မို့လို့ , မျိုးချစ်စိတ်ကို ဈေးကျအောင် လုပ်တာပဲ။ မျိုးချစ်စိတ်ကို အပေါစားဖြစ်အောင် လုပ်တာပဲ။"
"မျိုးချစ်စိတ်" ဆိုတာဟာ ကိုယ့်ရဲ့ အသိစိတ်ဓာတ် နဲ့ ကိုယ့်ဘာသာကိုယ် ကိုယ့်ရဲ့အသိုင်းအဝိုင်းနဲ့ ကိုယ့်ရဲ့လူမျိုး ၊ ကိုယ့်ရဲ့ တိုင်းပြည်အတွက် ကိုယ်တတ်နိုင်သမျှ လုပ်တာဟာ "မျိုးချစ်စိတ်ပဲ" “သူများကို တိုက်ခိုက်ပြီးတော့ ... သူ့ထက်ငါ ချစ်တယ်ဟေ့လို့ ပြောတာနဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဖြစ်သွားတာ မဟုတ်ပါဘူး”
ဒေါ်အောင်ဆန်းစုကြည် ~

No comments:
Post a Comment