Pages

Saturday, February 11, 2017

ပလိပ် အလုပ်သမားသပိတ်ပြေလည်သွားပြီ

ပလိပ် ချည်မျှင်နှင့် အထည်စက်ရုံ အလုပ်သမားသပိတ်ဟာ အခုနောက်ဆုံးမှာ ပြေလည်မှုတွေ ရရှိသွားပြီ လို့ သိရပါတယ်။




လပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ပလိပ်ချည်မျှင်နှင့် အထည်စက်ရုံအလုပ်သမားများရဲ့ ဆန္ဒပြ သပိတ်မှောက်မှုမှာ တောင်းဆိုချက် ၂၈ ချက်တောင်းဆိုခဲ့ကြသည့် အထဲက အလုပ်သမား ခေါင်းဆောင် ၂ ဦးကို အလုပ်ပြန်ခန့်ခြင်းမပြုတာကလွဲပြီး ကျန်တာ အားလုံး ပြေလည်မှု ရရှိသွားပြီလို့ ၈၈ မျိုးဆက် ပွင့်လင်း လူအဖွဲ့အစည်းမှ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ မမာမာဦးက ပြောပါတယ်။

 ပလိပ်သပိတ် ဖြစ်စဉ်အကျဉ်း။ 

 မန္တလေးတိုင်း စဥ့်ကိုင် မြို့နယ်မှာရှိတဲ့ ပလိပ်ချည်မျှင်နဲ့အထည်ချုပ်စက်ရုံဟာ ယခင်က နိုင်ငံတော်ပိုင်စက်ရုံ ဖြစ်ပါတယ်။ နိုင်ငံတော်ပိုင်စက်ရုံကနေ ပုဂ္ဂလိကကို ငှားရမ်းခဲ့ပါတယ်။

 အဲဒီလိုငှားတဲ့ကာလက တော့ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၄၃ ခုနှစ် ဧပြီလ ၃၁ ရက်နေ့ထိ အနှစ်၃၀ ငှား ရမ်းမှု စာချုပ်ကို ၂၀၁၃ ခုနှစ် မတ်လ ၂၉ ရက်နေ့က ပုဂ္ဂလိက ငှားရမ်း စာချုပ် ချုပ်ဆိုပါတယ်။

 စက်ရုံတွင်းအလုပ် သမားများအနေနဲ့ မူလ အစိုးရဝန်ထမ်း အခွင့်အရေးတွေ ဆုံးရှုံးနစ်နာမှုကြောင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က အလုပ်သမား ၂၅၅ ဦးက တောင်းဆိုချက် ၁၃ ချက်နဲ့ ဆန္ဒပြခဲ့ရာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စဥ့်ကိုင်မြို့နယ်မှာ ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ အလုပ်ရှင်၊ အလုပ်သမား သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီနောက် စက်ရုံအလုပ်သမားတွေ အလုပ်ပြန်ဝင်ခဲ့ကြပါတယ်။

 စက်ရုံအလုပ်သမားတွေအလုပ်ပြန်ဝင်တော့မှ အလုပ်ရှင်ဘက်က၂၀၁၃ ခုနှစ်အလုပ်အကိုင် ကျွမ်းကျင်းမှု ဥပဒေအရ EC စာချုပ် လက်မှတ်ထိုးခိုင်းပါတယ်။

 ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှာ အလုပ်သမား ၄၂၈ ဦးက လက်မှတ်ထိုးပြီး ကျန် အလုပ်သမား ၇၀၀ ကျော်က လက်မှတ်မိုးပဲ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ဆန္ဒပြခဲ့ပါတယ်။

 ၂၀၁၅ ခုနှစ် မတ်လ ၄ ရက်နေ့မှာ စက်မှု ၁ ဝန်ကြီးဌာန၊ အလုပ်သမား ညှိနှိုင်းဖြေရှင်းရေး အဖွဲ့နဲ့ မန္တလေး တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့က ၄ ကြိမ် ညှိနှိုင်းဖြေရှင်းပေးပြီး EC စာချုပ်သက်တမ်း ၂ နှစ် သတ်မှတ်ပြီး ချုပ်ဆိုစေခဲ့ပါတယ်။

 ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ အလုပ်ရှင်ဘက်က EC စာချုပ်ပါအပိုဒ် ၇- ကိုချိုးဖေါက်တဲ့အတွက် အလုပ်သမား ၆၀၀ ကျော်ဟာ ဆန္ဒပြနေခဲ့ကြတာဟာ အခု ပြဿနာ ပြေလည်သည်အထိပါပဲ။

 အလုပ်သမားတွေရဲ့တောင်းဆိုချက် ၂၈ ချက်မှာ အလုပ်သမားခေါင်းဆောင် ၂ ဦးကို အလုပ်ပြန်မခန့်တာကလွဲပြီး ကျန်တာ အားလုံး ပြေလည်သွားတာပါလို့ ပါဝင်ကူညီဖြေရှင်းပေးခဲ့တဲ့ မမာမာဦးက ပြောပါတယ်။

 “ဒီသပိတ်ကိစ္စကိုသုံးသပ်ရရင် ကျမ အမြင်တော့ ကျမတို့နိုင်ငံမှာ ပုဂ္ဂလိကပိုင်ကနေ နိုင်ငံတော်ပိုင်(သို့) အစိုးရ ပိုင်(သို့) ပြည်သူပိုင်လုပ်ခဲ့တုန်းက ဥပဒေတွေ၊ နည်းဥပဒေတွေ ပြဌာန်းပြီး ခိုင်မာတဲ့ မူဝါဒတွေ ချမှတ်လုပ်ကိုင်ခဲ့ပေမယ့် အစိုးရပိုင်ကနေ ပုဂ္ဂလိကကို လွှဲပြောင်းတဲ့အခါ ဒီလိုမူဝါဒတွေ ဥပဒေတွေ မရှိလို့ဖြစ် ရတယ်လို့မြင်ပါတယ်” ဟု  မမာမာဦးက ပြောပါတယ်။







No comments:

Post a Comment