အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီကို လေယာဉ်ကွင်းမှာ ကြည်ဝင်းက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်မှုရဲ့နောက်ကွယ်က အဓိက စေခိုင်းသူဟု ယူဆရသူတွေထဲ ရာထူးကြီးသူ မိသားစုဝင်တချို့ ပါဝင်နေဟု ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။
ဒါပေမယ့် ရဲတပ်ဖွဲ့နဲ့ စစ်တပ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အနေနဲ့ ဒီအမှုရဲ့ နောက်ကွယ်က အဓိက ပါဝင်
ပတ်သက်သူတွေကို ဘယ်သူ့ မျက်နှာမှ ထောက်ထားမှာ မဟုတ်ပဲ ပြတ်ပြတ်သားသား ကိုင်တွယ်သွားမှာလို့ အမည်မဖော်လိုသူ ရဲအရာရှိကြီး တဦးက ပြောဆိုပါတယ်။
ပြည်ထဲရေး ဒုတိယဝန်ကြီး၏ သားဖြစ်သူက မြင့်ဆွေကတဆင့် စေခိုင်းခဲ့ကြောင်း ဝန်ခံတယ်ဆိုတဲ့
ကောလဟာလတွေနဲ့ပတ်သက်ပြီး အဆိုပါ ရဲအရာရှိကြီးက မည်သည့်မှတ်ချက်မှ မပေးလိုကြောင်းနဲ့ ဒီကိစ္စ သတင်းထုတ်ပြန်ချက် အားလုံး သမ္မတရုံးက တိုက်ရိုက်ပြောဆိုမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
အခင်းဖြစ်ပွားမှုနဲ့ပတ်သက်ပြီး လေဆိပ် စီစီ တီဗွီမှတ်တမ်းများအရ ကြည်ဝင်းသည် လေယာဉ်ဆင်းသက်မည့်အချိန်ကို တကိုယ်တည်း လာရောက်လေ့လာခဲ့သေးကြောင်း၊ ထို့နောက် ဦးကိုနီတို့ရောက်လာချိန် အနီးသွား ချည်းကပ်ပြီး သေနတ်ထုတ်ချိန်နှင့် ပစ်ခံချိန် စက္ကန့်သာကြာပြီး တဆက်တည်း ပစ်ခတ်ကာ ထွက်ပြေးခဲ့ကြောင်း၊ ထို့နောက် ကိုနေဝင်းက အုတ်နီခဲဖြင့် ထုခဲ့ပြီးနောက် ကြည်ဝင်းက သေနတ်ထုတ်ကာ ဦးကျော်ဦးမောင်းလာတဲ့ တက္ကစီကို တား စီးပြီး နောက် တက္ကစီ ကားမောင်းသမားနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးမှုခံရကြောင်း ရဲမှူးတဦးက ဆိုထားပါသေးတယ်။
ဦးကိုနီ လုပ်ကြံခံရမှုတွင် သေနတ်သမား ကြည်ဝင်းကို အခင်းဖြစ်ပြီး မိနစ်ပိုင်း အတွင်း ဖမ်းဆီးရမိပြီး ကြည်ဝင်း၏ သေနတ်ပစ်ခတ်မှုကြောင့် တက္ကစီ မောင်းသူ ဦးနေဝင်း လည်း သေဆုံး ခဲ့ရပါတယ်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကြည်ဝင်းနဲ့ အတူ လုပ်ကြံမှုတွင် ပါဝင်သည့် စစ်တပ် အရာရှိဟောင်း
ဘုရားဆင်းတု ခိုးဂိုဏ်းနှင့် မူးယစ်မှု ကျူးလွန်ခဲ့သူ အောင်ဝင်းဇော် ခေါ် ( ဗက ) ကိုလည်း ဖမ်းဆီးထား
ကြောင်း သမ္မတရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
ကြည်ဝင်း၏ ထွက်ဆိုချက်အရ ၄င်းအား မြင့်ဆွေဆိုသူက စေခိုင်းခြင်းဟု ဆိုထားပြီး အဆိုပါ မြင့်ဆွေဆိုသူကိုလည်း ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းဖော်ထုတ်နေပါတယ်တဲ့။
ယခုအခါ အဆိုပါ အမှုကိစ္စနှင့် ဆက်နွယ်နေသည်ဟု သံသယဖြစ်ခံရသူ စုစုပေါင်း လူ ၆၀ ကျော်ကို
ထိမ်းသိမ်း စစ်ဆေးနေကြောင်းလည်း စုံစမ်း သိရပါတယ်။
အိမ့်သံစဉ် ~
ကွယ်လွန်သူ ဦးကိုနီ၊ ဓာတ်ပုံ- ဦးကိုနီ၏ ဖေ့စ်ဘုတ် စာမျက်နှာ

No comments:
Post a Comment