ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတူးဖော်ရေး ဒေသတွင် ယနေ့ နံနက်က မြေပြိုကျလို့ လူ ၉ ဦး သေဆုံး ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ တာဝန်ရှိသူတဦးက ဒီကနေ့စနေနေ့မှာ ပြောလိုက်ပါတယ်။
ကြာသပတေးနေ့က နတ်မော်ရွာ ကျောက်စိမ်း လုပ်ကွက်ငယ်မိုင်းတွင်း မြေပြိုမှုအတွင်း သေဆုံးသူများထဲ တွင်းပိုင်ရှင်လည်း ပါဝင်တယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က လွတ်လပ်သော အာရှအသံထံ ပြောဆိုထားချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
အလောင်းတွေကိုတော့ ဖားကန့် ဆေးရုံဆီ ပို့ဆောင်လိုက်ပြီလို့လည်း သိရပါတယ်။
ကချင်ပြည်နယ် ဖားကန့်အပါအဝင် ကျောက်စိမ်း တူဖော်ရေးလုပ်ကွက်တွေမှာ မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းကျော်လောက်ဟာ အန္တရာယ်များတဲ့ ကျောက်မှော်တွေမှာ အလုပ်လုပ်နေကြပြီး မကြာခဏဆိုလို မိုင်းတွင်းပြိုကျမှု၊ မြေစာပုံ ပြိုကျမှုတွေကြောင့် ရာနဲ့ချီပြီး သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အိမ့်သံစဉ် ~
ဖားကန့်ရှိ ရေမဆေးကျောက် လုပ်ကွက်တခု၊ဓာတ်ပုံ၊ ဖားကန့်သတင်း

No comments:
Post a Comment