မြောက်ကိုရီးယားနိုင်ငံရဲ့ ခေါင်းဆောင် ကင်မ်ဂျုံအမ်းရဲ့ ညီအကိုတော်စပ်သူ ကင်ဂျုံနမ်ဟာ အမျိုးသမီးအေးဂျင့် ၂ ဦးရဲ့ အဆိပ်အပ်နဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။
မြောက်ကိုရီးယား အမျိုးသမီး အေးဂျင့် ၂ ဦးက အဆိပ် ဆေးထိုးအပ်နဲ့ ကင်မ် ကို လုပ်ကြံအပြီး ထွက်ပြေးသွားတယ်လို့ လေဆိပ်မြင်ကွင်းတွေက ဖော်ပြကြပါတယ်။
မလေးရှားရဲကတော့ ကင်မ် ဟာ နာမကျန်းဖြစ်ပြီး လေဆိပ်ကနေ ဆေးရုံအသွားကွယ်လွန်သွားတာလို့ပဲ ဆိုပါတယ်။ အသက် ၄၅ နှစ်ရှိ ကင်ဂျုံနမ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်းရဲ့ အဖေတူ အမေကွဲညီအကိုတော်စပ်သူဖြစ်ပြီး မြောက်ကိုရီးယားမှာ နေထိုင်မှုမရှိသူလည်း ဖြစ်ပါတယ်။
သူဟာ တချိန်က မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်ဂျုံအီးနဲ့ မော်စကိုမှာ သေသွားဆုံးခဲ့သူ တောင်ကိုရီးယားမှာမွေးတဲ့ မင်းသမီး ဆောင်ဟေရင်မ်တို့က မွေးဖွားတဲ့ သားအကြီးဆုံးလည်းဖြစ်တယ်လို့ တောင်ကိုရီးယား ယုံဟတ်သတင်းဌာနက ဆိုပါတယ်။
အခု လုပ်ကြံခံလိုက်ရတဲ့ ကင်မ်ဟာ ၂၀၀၁ ခုနှစ်က ဂျပန်နိုင်ငံ တိုကျိုနာရီတာ လေဆိပ်အဝင်မှာ ပါ့စ်ပို့တ် အချက်အလက်မမှန်ကန်မှုနဲ့ ဖမ်းဆီးခံရပြီးနောက်ပိုင်း ဖခင်ဖြစ်သူ ကင်ဂျုံအီးက သားအဖြစ်က စွန့်လွှတ်လိုက်တာလည်း ဖြစ်ပါတယ်။
အဲဒီတုန်းက ကင်မ်ဟာ တိုကျိုမှာ ရှိတဲ့ ဒစ်စနေလဲန်းကို အလည်သွားဖို့ကြိုးစားခဲ့ရင်း အဖမ်းခံလိုက်တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံကို ပြင်နှင်ဒဏ်ပေးပြီးနောက်ပိုင်း ကင်မ်ဟာ မကာအိုမှာ နေတာ များတယ်လို့သတင်းတွေက ဆိုပါတယ်။ များသော အားဖြင့် ကင်မ်ဟာ ညစာစားဝိုင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ လောင်းကစားစက်တွေနဲ့ အချိန်ကုန်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာလကလည်း လက်ရှိ အာဏာရှင် ကင်မ်ဂျုံအမ်းရဲ့ ဦးလေး တော်စပ်သူကို အာဏာလုမှာစိုးရိမ်မှုတွေနဲ့ မြောက်ကိုရီးယားအစိုးရက နိုင်ငံတော် သစ္စာဖောက်မှုနဲ့ ကွပ်မျက် ပစ်ခဲ့ပါတယ်။
အဲဒီတုန်းက ဦးလေးတော်သူကို ခွေးစာကျွေး သတ်ခဲ့တာလို့ သိရပါတယ်။
အိမ့်သံစဉ် ~
ကင်မ်ဂျုံနမ်၊ ဓာတ်ပုံ-JoongAng /Sunday

No comments:
Post a Comment