ရွှေပြည်သာ စက်မှုဇုန်ရှိ ကုမ္မဏီတစ်ခုတွင် ပြည်ပမှ ပို့လိုက်သော ကွန်တိန်နာတစ်ခု အတွင်း ကျပ်သန်းပေါင်း ၂
သောင်း ၁ ထောင်ကျော် တန်ဘိုးရှိ ကိုကင်း ကီလို ၂၀၀ ကို မနေ့က ထပ်မံတွေ့ခဲ့တယ်လို့ ယနေ့ထုတ် နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာ ဖော်ပြပါတယ်။
အမည် ဖော်ပြမထားတဲ့ ကုမ္မဏီတစ်ခုက ပြည်ပမှ တင်သွင်းလာတဲ့ သကြားအိတ် ၅၆၀ ပါ ကွန်တိန်နာ
တလုံးထဲက ခရီးဆောင်အိတ် ၇ လုံးနဲ့ထည့်ထားတဲ့ ကိုကင်း ကီလို ၂၀၀ ထပ်မံတွေ့ရှိတယ်လို့ဖော်ပြတာဟာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စင်္ကာပူနိုင်ငံက ရေကြောင်းနဲ့ ရောက်လာတဲ့ ကွန်တိန်နာကို ထုတ်ယူသွားတဲ့သကြားကုမ္ဗဏီက သကြားအိတ်တွေနဲ့အတူ ကိုကင်း ကီလို ၂၅ဝ ပါလာတယ်လို့ ရဲ တပ်ဖွဲ့ကို သတင်းပို့ပြိး
နောက်ထပ် တွေ့ရှိမှုလည်း ဖြစ်ပါတယ်။
ဒီ မတိုင်မီကလည်း ကိုကင်း တန်ချိန် ၄၀ ကို လိပ်စာမှားပြီး ရန်ကုန်ဆိပ်ကမ်းကို ရောက်လာတဲ့ သတင်းတွေထွက်လာခဲ့ပြီး ဝေဖန်မှုတွေနဲ့ မေးခွန်းထုတ်မှုတွေနဲ့ ဂယက်ရိုက်မှု ဆက်တိုက်ကျယ်ပြန့်လာပါတယ်။
မြန်မာမူးယစ်ရဲတပ်ဖွဲ့ကတော့ နိုင်ငံတကာ မူးယစ်ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ ဒီလို လိပ်စာမှားပြီး ရောက်လာတဲ့ ကိုကင်းတွေဟာ ယာဘ ခေါ် မြင်းဆေးတွေနေရာမှာ နေရာယူလာတဲ့ မြန်မာ့ မူးယစ်ဆေးဈေးကွက်သစ်အတွက် သွေးတိုးစမ်းတဲ့ လုပ်ဆောင်မှုတွေလားဆိုတဲ့ သုံးသပ်မှုတွေ
လည်း ကျယ်ပြန့်လာ နေပါတယ်။
ကိုကင်းကို မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ လွတ်လပ်ရေး မရမီနဲ့ ရပြီးကာလတွေမှာ နာမည်ကြီး သူတွေတောင်
စွဲမက်စွာ အသုံးပြုခဲ့ကြတယ်လို့လည်း သိရပါတယ်။
ကိုကင်းကို မူးယစ်ဆေးတမျိုးဖြစ်တဲ့အတွက် ကိုကင်းသုံးစွဲမှုကို ရာဇဝတ်မှုအဖြစ်၊ တရားမဝင်အဖြစ် နိုင်ငံတကာမှာ စတင်သတ်မှတ် တာကတော့ ၁၉၆၁ ခုနှစ်က ကျင်းပခဲ့တဲ့ Single Convention on Narcotic Drugs က ပါပဲ။
ဒါပေမယ့် တချို့နိုင်ငံတွေမှာတော့ အကန့်အသတ်နဲ့ ဆေးဘက်ဆိုင်ရာအတွက် အသုံးပြုတာလည်း
ရှိပါတယ်။
ကိုကင်းကို တောင်အမေရိကမှာ အများဆုံး ပေါက်တဲ့ ကိုကာ သစ်ပင်ကနေ ထုတ်လုပ်တာဖြစ်ပြီး ကိုကင်း
ဖော်မြူလာကတော့ C17H21NO4 ဖြစ်ပါတယ်။
ကိုကင်းသုံးစွဲသူတွေဟာ ရှုတာဖြစ်ဖြစ်၊ သွေးကြောထဲသွင်းတာဖြစ်ဖြစ်၊ နုတ်ခမ်းမှာ ပွတ်ပြီးတော့ဖြစ်ဖြစ် မိန်းမော ဇိမ်ယူကြတယ်လို့ သိရပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment