Pages

Sunday, February 5, 2017

ISIS အလွန် အီရတ်နိုင်ငံ- မူဆိုးလ်မြို့ ရောက် မြန်မာခရစ်ယာန်များ

မြန်မာနိုင်ငံက ခရစ်ယာန်ဘာသာဝင် တချိ့ဟာ အာရပ်ဒေသရဲ့ စစ်တလင်း ဖြစ်နေခဲ့တဲ့ အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့တော် မူဆိုးလ်မြို့မှာ ဒေသခံ မွတ်စလင် အရပ်သားတွေကို စားရေ ရိက္ခာနဲ့ လူသားချင်း စာနာမှု အကူအညီတွေ သွားပေးတယ်ဆိုရင် စာဖတ်သူများ အံ့သြသွားမလားပါပဲ။

( ISIS အလွန် မူဆိုးလ်မြို့ထဲက အရပ်သားကလေးငယ်များ FBR ရဲ့ ရိက္ခာဝေငှမှုကို လာရောက် လက်ခံယူစဉ်၊ ဓာတ်ပုံ: FBR



 ဒါပေမယ့် တကယ်ပဲ မြန်မာနိုင်ငံသား ကရင် ခရစ်ယာန်လူငယ်တွေ ပါဝင်တဲ့ Free Burma Rangers အဖွဲ့ဟာ မူဆိုးလ်မြို့ကို ရောက်ရှိကူညီခဲ့ကြပါတယ်။

 အီရတ် နိုင်ငံ မူဆိုးလ်မြို့မှာ ISIS စစ်သွေးကြွတွေ သိမ်းပိုက်ထားရာက အီရိတ် မဟာမိတ်ညွှန်ပေါင်းတပ်တွေ တလမ်းဝင် တလမ်းထွက် ထိုးစစ်ဆင်ချိန်က ISIS စစ်သွေးကြွတွေရဲ့ထောင်ချောက်တွေကို ဆက်တိုက်ရင်ဆိုင်ကျော်လွှားခဲ့ကြရပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေဟာ အရပ်သားတွေကို လူသားဒိုင်းအဖြစ်လုပ်တာတွေ၊ အသေခံ ဗုံးခွဲသမားတွေဆီ စေလွှတ်တာတွေနဲ့ အီရပ် မဟာမိတ်ညွှန့်ပေါင်းတပ်ကို ပြန်လည်ခုခံခဲ့ကြပါတယ်။

FBR အဖွဲ့ဝင် ကရင် လူငယ်၊ ဓာတ်ပုံ : FBR 


 အဲဒီအချိန်မှာ အရပ်သားတွေဟာ အစာလည်း ငတ်၊ ရေလည်း ငတ် ကြောက်ရွံ့တုန်လှုပ်မှုတွေနဲ့အတူ အတော်ပဲ ပင်ပန်းနွမ်းနယ်နေကြချိန်ပါပဲ။

 ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင်း ပြည်တွင်း စစ်ပြေးရှောင် လူနည်းစု ဒုက္ခသည်တွေကို အကူအညီပေးလေ့ ရှိတဲ့ Free Burma Rangers အဖွဲ့ဟာ မူဆိုးလ်မြို့က မွတ်စလင် ဒုက္ခသည် တွေကို လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ သွားရောက်ပေးခဲ့ကြပါတယ်။

Free Burma Rangers အဖွဲ့ကို ဦးဆောင်သူကတော့ အမေရိကန် ရိမ်းဂျားစစ်တပ်က အရာရှိဟောင်း မစ္စတာ David Eubank ပါ။ ဒီအဖွဲ့ကို မြန်မာနိုင်ငံ ကရင်ပြည်နယ်တွင်းက ကရင်ခရစ်ယာန်လူငယ်တွေနဲ့ စုဖွဲ့ထားတာပါ။

 FBR အဖွဲ့ဝင်တွေဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံက ကာ့ဒ် လူမျိုးတွေနေတဲ့ ဒေသတွေမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကလည်းက စတင်လှုပ်ရှားကူညီပေးနေကြတာပါ။

အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်းတွေနဲ့ မြန်မာနိုင်ငံက ကရင် ခရစ်ယာန်လူငယ်တွေဟာ IS တွေ ထွက်ပြေးသွားတဲ့ ဒေသတွေက အရပ်သားတွေကို ဆေးဘက်ဆိုင်ရာ အကူအညီ၊ ရေနဲ့ အစားအသောက်အကူအညီတွေ ပေးခဲ့ကြပါတယ်။

 အီရတ်နိုင်ငံ မူဆိုးလ်မြို့မှာ ISIS တွေ ဆုတ်ခွာပြီးပြီးချင်း FBR တွေက အနီးဆုံးရောက်ရှိကူညီကြပါတယ်။ ဒီအကြောင်း အသေးစိပ်ကို အဖွဲ့ခေါင်းဆောင်နဲ့ မေးမြန်းထားပါတယ်။ ဒီနေရာက တဆင့် အသေးစိပ် သွားရောက်ဖတ်ရှုနိုင်ပါတယ်။


 အိမ့်သံစဉ် ~

No comments:

Post a Comment