ထွက် အစီရင်ခံစာကို ကိုးကားပြီး ဒီကနေ့ နယူးစ်ဝိခ် သတင်းမှာ ဖော်ပြပါတယ်။
လက်ဘနွန်က တရားမဝင် ဒုက္ခသည်စခန်းရောက် ဆီးရီးယား ဒုက္ခသည် လူငယ် တဦး၊ဓာတ်ပုံ-JOSEPH EID
လန်ဒန် အခြေဆိုက် Quilliam ခေါ် အစွန်းရောက် ဆန့်ကျင်ရေး ဥာဏ်ကြီးရှင်အဖွဲ့အဆိုအရ ISIS စစ်သွေးကြွ အဖွဲ့ဟာ ၆ နှစ် နီးပါး ပဋိပက္ခတွေကြောင့် နိုင်ငံစွန့်ခွာထွက်ပြေးကြတဲ့ ဆီးရီးယား ဒုက္ခသည် သန်းပေါင်းများစွာ ခိုလှုံရာ လက်ဘနွန်၊ ဂျော်ဒန်၊ တူရကီနဲ့ ဥရောပ နိုင်ငံတွေဆီ ရွှေ့ပြောင်းအခြေချရာ လမ်းတလျှောက်နဲ့ လူသားချင်းစာနာ ထောက်ထားရေး အကူအညီပေးရေး ဒုက္ခသည်စခန်းတွေမှာ အခုလို လူသစ် စုဆောင်းဖို့ အမေရိကန်ဒေါ်လာ ၂၀၀၀ ထိပေးပြီး ကြိုးစားနေတာလို့ ဆိုပါတယ်။
ဆီးရီးယားကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ အထူးသဖြင့် တူရကီကနေတဆင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ နယ်စပ်တွေထိထွက်ပြေးခိုလှုံရာ လမ်းတလျှောက် တရားမဝင် ခိုးသွင်းပေးဖို့ ဒေါ်လာ ၆၀၀ ထက်မနည်း ကုန်ကျ တာတွေကြောင့် သူတို့ အဖွဲ့ဝင်အဖြစ် ပါဝင်မယ်ဆိုရင် ဒေါ်လာ ၁၀၀၀ ပေးပြီး အဖွဲ့ဝင်သစ်ကို ဗြောင်ကျကျ ကမ်း လှမ်းနေတာလို့လည်း ဆိုပါတယ်။
အဓိက ပစ်မှတ်ထားပြီး စုဆောင်းတာကတော့ ကလေးနဲ့ လူငယ်တွေကိုပါတဲ့။ ဝါဒဖြန့်ချီမှုကတော့ အစ္စလမ့် အာဇာနည် သူရဲကောင်းတွေဖြစ်ဖို့ ISIS ကို ဝင်ဖို့ ဆိုတာနဲ့ စည်းရုံးသိမ်းသွင်းနေတာလို့ ဆိုပါတယ်။
ဆီးရီးယား လူငယ်တွေက ဘာကြောင့် ISIS ကို ဝင်ကြတဲ့အကြောင်းကလည်း ခိုလှုံခွင့်လျှောက်ထားမှုတွေဟာ အနာဂါတ် မသေချာမှုတွေရှိနေတယ်ဆိုတဲ့အခြေအနေအပေါ် မူတည်ပြီး သူတို့ မိဘတွေကိုယ်တိုင်က ပိုပြီး အခြေခံ ဝါဒီစိတ်တွေ ဝင်ပြီး သားသမီးတွေကို ဝင်စေကြတာလို့ ဆိုပါတယ်။
နိုက်ဂျီးရီးယားက ဘိုကို ဟာရမ်အဖွဲ့လို၊ ယီမင်နိုင်ငံက အယ်လ်ကေဒါ အဖွဲ့နဲ့ အာဖဂန်နစ္စတန်နိုင်ငံက တာလီဘန်တွေလို စစ်ကြောင့် စုတ်ပြတ်သတ်နေတဲ့ တခြားနိုင်ငံတွေမှာလို ဆီးရီးယားနဲ့ အီရတ်ကနေ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် လူငယ်တချို့ဟာ ISIS နဲ့ ဆက်သွယ်မိပြီး အိမ်နီးချင်း နိုင်ငံတွေဆီရောက်ကြတယ်လို့ဆိုတယ်။
ကင်ညာနဲ့ ဆိုမာလီအစိုးရကို ပုန်ကန်နေတဲ့ သောင်းကျန်းသူ အယ် ရှာဘအာ့ဘ် အဖွဲ့မှာ အာဖရိကန် လူငယ် ၄၈ ရာခိုင်နှုန်း ရှိတယ်လို့ ထောက်ပြထားပါတယ်။
အိမ့်သံစဉ် ~
No comments:
Post a Comment