ဦးကိုနီကို လုပ်ကြံမှုတွင် ငွေကျပ် သိန်း ၁၀၀၀ ပေးပြီး ခိုင်းစေခဲ့သူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကို လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက တရုတ်နယ်စပ်မှာ မြင်တွေ့လိုက်ကြောင်း နယ်စပ်က အမည်မဖော်လိုသူ တဦးက သတင်းပေးလာပါတယ်။
ဒီကနေ့ သမ္မတရုံးက သတင်းထုတ်ပြန်မှု အပြီး တရုတ်နယ်စပ်မှ အဆိုပါ အမည်မဖော်လိုသူက ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကို သူကောင်းကောင်း သိကြောင်း၊ လွန်ခဲ့တဲ့ တပတ်လောက်က တရုတ်နယ်စပ်မှာတွေ့ခဲ့ကြောင်း သူက ပြောပါတယ်။
တရားခံပြေးဖြစ်နေသော ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကို အမြန်ဆုံး ဖမ်းမိရေး မြန်မာတပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က အပူတပြင်းကြိုးစားနေကြောင်း သမ္မတရုံး ကြေညာချက်တွင် ဖော်ပြထားပါတယ်။
ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်သည် ယခင် တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နဲ့ မကြာခဏတွေ့ဆုံခဲ့ဖူးတယ်ဆိုတဲ့ အတည်ပြုလို့ မရသေးတဲ့ သတင်းတွေလည်း ဆက်တိုက်ရရှိနေပါတယ်။
၎င်းအား ဖမ်းမိရေးအတွက် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ပါ လက်တွဲဆောင်ရွက်ပါလျှင် မနှေး အမြန် လက်ရ အရှင် ဖမ်းဆီးရမိမယ်လို့ သုံးသပ်နေသူတွေလည်း ရှိပါတယ်။
အဆိုပါ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်၏ နောက်တွင် အဖွဲ့အစည်းကြီးကြီးမားမား တခု ရှိနေသည်ဆိုသည့် ပြောဆိုဝေဖန်မှုများလည်း တိုးပွားလာနေပါတယ်။
အခု နောက်ဆုံး ဖေ့စ်ဘုတ်ပေါ်က စိတ်ဝင်စားဖွယ် ကွန်မန့်တခုကတော့ အောက်ပါအတိုင်း ဆိုထားပါ
ကြောင်း...
အိမ့်သံစဉ် ~
ဆက်စပ်သတင်း။ ။

No comments:
Post a Comment