Pages

Saturday, February 11, 2017

အာရှ-ဥရောပ တိုက်ကြီး ၂ ခုကို ဆက်သွယ်တဲ့ တံတားကြီး

အီစတန်ဘူလ်က တံတားတစင်းတည်ဆောက်နေမှုကို ဒရုန်းယာဉ်နဲ့ ရိုက်ကူးမှတ်တမ်းတင်ထားတာပါ။ မြစ်ကူးတံတားတစင်းတည်ဆောင်ပုံကို ဒရုန်းယာဉ်ငယ်နဲ့ မှတ်တမ်းတင်ထားတာပါ။

ဓာတ်ပုံ-istanbulhomes



အခု တံတားကြီးဟာ အာရှတိုက်နဲ့ ဥရောပတိုက်ကြီး ၂ တိုက်ကို ဆက်သွယ်ဖို့အတွက် တူရကီနိုင်ငံ အီစတန်ဘူလ်မြို့ Bosphorus နားမှာ တည်ဆောက်ခဲ့တဲ့ တံတားကြီးဖြစ်ပါတယ်။

ဒီတံတားကြီးကို ၂၀၁၃ ခုနှစ် မေလ ၂၉  ရက်နေ့မှာ စတင် ပန္နက်တင် အခန်းအနားကျင်းပခဲ့ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ဖွင့်ပွဲအခမ်းအနားလုပ်ခဲ့တာပါ။ 

၈ လမ်းမောင်း အသွားအပြန် ၂ လမ်း ပါတဲ့ ဒီတံတားကြီးရဲ့  အကျယ်က ၅၉  မီတာ ရှိပြီး အမြင် ၃၂၀ မီတာနဲ့ အရှည်အားဖြင့် ၁၄၀၈ မီတာ ရှိပါတယ်။ ဒီတံတားကြီးဟာ တူရကီနိုင်ငံနဲ့ ကမ္ဘာ့အင်ဂျင်နီယာသမိုင်းမှာ ကြီးမားတဲ့ ပုံရိပ်ကို ဖြစ်စေခဲ့ပြီး ကမ္ဘာ့ အကြီးဆုံး တံတားတစင်းလည်း ဖြစ်တာပါ။ တံတားအတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစာရိတ် အမေရိကန် ဒေါ်လာ ၃ ဘီလျံရှိပါတယ်။ 

အခုတော့ ဒီတံတားကြီးကနေ အာရှ တိုက်နဲ့  ဥရောပတိုက်တို့ကို အလွယ်တကူ ခရီးသွားခြင်းပေါင်းကူးပေးထားတာ ဖြစ်တာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုလည်း အလွန်ရရှိနေပါပြီ။ 

အခု ဗွီဒီယိုကို ကြည့်ရင် အံ့ဘွယ် အင်ဂျင်နီယာ ပညာရပ်ကို အထင်းသား မြင်တွေ့ရမှာဖြစ်ပါတယ်။





အိမ့်သံစဉ် ~


No comments:

Post a Comment