၂၁ ရာစုမှာ သိပ္ဗံဆန်းသစ်တီထွင်မှုတွေက အံ့မခန်းပါ။ အခု ဖေဖော်ရီလ လယ်ပိုင်းက မိတ်ဆက်လိုက်တဲ့ ယာဉ်ပျံတခုကတော့ မြန်မာစာဖတ်ပရိသတ်တွေ အရမ်း စိတ်ဝင်စားနိုင်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ အခု တီထွင်ထုတ်လုပ်စမ်းသပ်အောင်မြင်လိုက်တယ်ဆိုတဲ့ ယာဉ်ဟာ ဒရုန်းလို့ ခေါ်ရမလား၊ ဆိုင်ကယ်လို့ ခေါ်ရမလား၊ စက်ဘီးပျံ လို့ခေါ်ရမလားဆိုတာကတော့ စာဖတ်ပရိသတ်တွေပဲ အဆုံးအဖြတ်ပေးနိုင်မှာပါ။
အခု ဒီ ယာဉ်ပျံကို နာမည်ပေးထားတာကတော့ Hoverbike Scorpion-3 လို့ ခေါ်ပါတယ်။ ကင်းမြီးကောက်တကောင် လေထဲဝဲပျံနိုင်တဲ့ စက်ဘီးလို့ ကင်ပွန်းတပ်ချင်ပုံရပါတယ်။
သေချာတာကတော့ ရန်ကုန်မြို့ကြီးအပါအဝင် မြို့တွေ နယ်တွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ စိတ်ညစ်နေရတဲ့ ဒုက္ခကို ဒီ ယာဉ်ပျံဟာ အကောင်းဆုံး အိပ်မက်တွေ ပေးနိုင်မယ်ထင်ပါတယ်။ ယာဉ်ထိန်းရဲအသစ်မျိုးလည်း ထပ်မံ တီထွင်ရမယ့် ပုံရှိပါတယ်။
ဒါပေမယ့် မြေပြင်က ယာဉ်ကြောပိတ်ဆို့မှုတွေအပေါ် စိတ်ပျက်နေသူတွေအတွက်တော့ ဒီယာဉ်ပျံဟာ အလွန်အသုံးတည့်မယ့် သဘောပါပဲ။
စမ်းသပ်မောင်းနှင်မှုတွေ အောင်မြင်ပြီးနောက် ဒီ စကော်ပီယံ ၃ ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချဖို့ ပြင်ဆင်နေချိန်မှာပဲ ဒူဘိုင်းက မကြာသေးခင်ပဲ passenger drone ဆိုတာကို ကြေညာခဲ့ပါတယ်။
ဘာပဲ ပြောပြော ဈေးကွက်မှာ ဘယ်ပစ္စည်းက ပိုကောင်းလည်း ပိုလုံခြုံစိတ်ချရသလဲဆိုတာတွေကတော့
မကြာခင် အဖြေသိရတော့မှာလို့ အဲဒီ ယာဉ်ပျံထုတ်လုပ်တဲ့ ကုမ္ဗဏီ အင်တာနက်စာမျက်နှာက ပြောပါတယ်။
အခု ဒီ စကော်ပီယံ ၃ ယာဉ်ပျံကတော့ စမ်းသပ်ပျံသန်းရာမှာ တနာရီကို ၄၅ မိုင်နှုန်း ( တနာရီ ၇၅ ကီလိုမီတာနှုန်း) ကို မြေပြင်မှ ၁၀ အမြင့်ကို ကောင်းမွန်စွာ ပျံသန်းအောင်မြင်ခဲ့တာလို့ ကြေညာထားပါတယ်။
အိမ့်သံစဉ် ~

No comments:
Post a Comment