Pages

Wednesday, February 22, 2017

ရေရှိနိုင်တဲ့ ကမ္ဘာဂြိုလ်သစ် ၇ လုံးတွေ့ရှိဟု နာဆာထုတ်ပြန်

ကျွန်ုတ်တို့၏ နေစင်္ကြာဝဠာပြင်ပ၊ ဒီ ကမ္ဘာမြေကနေ အလင်းနှစ် ၃၉ နှစ် အကွာအဝေးမှာ TRAPPIST-1 လို့အမည်ပေးထားတဲ့ ရေ ရှိနိုင်တဲ့ ကမ္ဘာဂြိုလ် ပမာဏအရွယ်အစား လောက်ရှိကြတဲ့ ဂြိုလ်သစ်ကြီး ၇ လုံးကို သိပ္ဗံပညာရှင်တွေ တွေ့ရှိထားပြီလို့ ဒီကနေ့ နာဆာက ကြေညာလိုက်ပါတယ်။

ဓာတ်ပုံများ၊ space.com


ဒီ နေစင်္ကြာဝဠာအပြင်ဘက်၊ သိပ်မဝေးတဲ့နေရာက  ကြယ်ကြီးတခုကို ဗဟိုပြုပြီး အဲဒီ ဂြိုလ် ၇ လုံးဟာ လည်ပတ်နေကြတာလို့ ဆိုပြီး ဒါဟာ ရေရှိနိုင်တဲ့ အကွာအဝေးတွေမှာ သူတို့ ဝန်ရိုးတွေပေါ် လည်ပတ်နေကြတာလို့ ဆိုပါတယ်။



ရေရှိနိုင်တယ်ဆိုတဲ့ လက္ခဏာဟာ သတ္တဝါတွေ အသက်ရှင်နိုင်ခြင်းမျှော်လင့်ချက်ကြီးလည်း ဖြစ်တာကြောင့် သိပ္ဗံပညာရှင်တွေက ကြီးမားတဲ့ သိပ္ဗံဆိုင်ရာ ထူးခြားတဲ့ တွေ့ရှိမှုအဖြစ် ဝမ်းသာစွာ ကြေညာလိုက်တာလည်းဖြစ်ပါတယ်။

ဒါဟာ အချိန်အတော်ယူပြီး လေ့လာမှု စမ်းစစ်မှုတွေ လုပ်နေခဲ့ပြီး ငြင်းခုန်ဆွေးနွေးမှုတွေကို ကျော်လွန်ခါ အခုလို တရားဝင် ထုတ်ပြန်ကြေညလိုက်တာလည်းဖြစ်ပါတယ်။








 အိမ့်သံစဉ် ~


No comments:

Post a Comment