ဂျပန်နိုင်ငံ မြောက်ပိုင်းက တိရိစ္ဆာန်ရုံတခုမှာ ဂျပန် နှင်းမျောက် ( Snow Monkeys) ကို ဆေးထိုးပြီး သတ်လိုက်ရပါတယ်။
အကြောင်းကတော့ အဲဒီ နှင်းမျောက်တွေမှာ မျိုးပွားနှုန်း အလွန်မြန်တဲ့ "invasive alien species" မျိုးစိတ်
တွေ့ရှိလို့ ဖြစ်တယ်လို့ ဘီဘီစီ သတင်းတပုဒ်က ဆိုပါတယ်။
ဂျပန်နိုင်ငံ ချီဘာမှာ ရှိတဲ့ တာကာဂိုယာမ သဘာဝ တိရိစ္ဆာန်ရုံက ပြောတာက အဲဒီ မြောက်တွေကို မျိုးရိုး ဗီဇ စစ်ဆေးတဲ့ အခါမှာ အဲဒီ ဂျပန် နှင်းမျောက်တွေဟာ မျိုးစိတ်မတူတဲ့ rhesus macaque မျောက်ငယ်လေးတွေနဲ့ စပ်ယှယ်လို့ မျိုးအသစ် ဖြစ်ပေါ်လာတာတွေ့ရတာပါတဲ့။
အဲဒီ rhesus macaque မျောက်မျိုး မဟုတ်တဲ့ ဂျပန် ဌာနေ မျောက်တွေကို ဂျပန် ဥပဒေအရ တားမြစ်ပိတ်ပင်ထားတာပါ။
ဒေသဆိုင်ရာ အရာရှိတဦးကပြောတာကတော့ အခုလို နှင်းမျောက်တွေကို ဆေးထိုးသတ်လိုက်ရတာဟာ ဌာနေ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။
တိရိစ္ဆာန်ရုံ စီစဉ်သူကတော့ ဒီ နှင်းမျောက်တွေအတွက် ဗုဒ္ဓဘာသာ ဘုရားစေတီတခုအနီးမှာ သူတို့ ဝိဥာဉ်တွေအတွက် အောက်မေ့ဖွယ် အခန်းအနားတခုလည်း ကျင်းပပေးခဲ့ပါတယ်တဲ့။
အဲဒီ နှင်းမြောက်တွေကို ဂျပန်ဌာနေ မျောက်တွေအဖြစ် လူသိများပြီး ကမ္ဘာလှည့်ခရီးသွားတွေကို အဓိက ဆွဲဆောင်တဲ့ တိရိစ္ဆာန်လည်း ဖြစ်ပါတယ်တဲ့။
ဂျပန်နိုင်ငံကတော့ မျိုးစပ်သစ်မျိုးစိတ်အပါအဝင် မျိုးပွားမြန် မျိုးစိတ်တွေကို ပိုင်ဆိုင်တာ၊ သယ်ယူပို့ဆောင်တာတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။
ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန၏ အစိပ်အပိုင်းတခုဖြစ်တဲ့ Alien Species Management ဌာနက အရာရှိ တဦးက ဒေသခံသတင်းမီဒီယာတွေကို ပြောတာက အခုလို လုပ်ရတာဟာ မလွှဲသာ မရှောင်သာလုပ်ရတာဖြစ်ပြီး အကယ်လို့သူတို့ လွတ်မြောက်သွားပြီး တောရိုင်းထဲ ပြန်ဝင်ကာ နောက်ထပ် မျိုးတွေ ပွားသွားမယ်ဆိုရင် အလွန်ကြောက်စရာ ကောင်းတယ်လို့ ပြောဆိုထားပါတယ်။
ကမ္ဘာတောရိုင်း တိရိစ္ဆာဆန်ထိမ်းသိမ်းကာကွယ်ရေး အဖွဲ့ ( ဂျပန်) က ပြောခွင့်ရ ဂျန်ခီခိ မီမာက အေအက်ဖ်ပီ သတင်းဌာနကို ပြောတာမှာ သူတို့ဟာ ဒေသခံ တိရိစ္ဆာန်တွေနဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ဂေဟ စနစ်တွေကို ခြိမ်းခြောက်တာကြောင့် ဒီ မျိုးပွားမြန်မ မျိုးစိတ်တွေဟာ ပြဿ နာများစွာဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။
အိမ့်သံစဉ် ~
Ref: Japan zoo kills 57 snow monkeys due to 'alien genes'

No comments:
Post a Comment