Pages

Saturday, February 25, 2017

စမ်းစစ်ကြည့်ပါ- ပြည်ထဲရေး သတင်းစာရှင်းလင်းပွဲ စကားများ

“ဒီ လုပ်ကြံမှုမှာ ဇေယျာဖြိုးက မဘသ ဆရာတော်အချို့နဲ့ ရင်းနှီးမှုရှိခဲ့တယ် ဆိုပေမယ့် ဘုန်းကြီးက လူသတ်ခိုင်းမှာ မဟုတ်ပါဘူး။ ဒါ့အပြင် ဇေယျာဖြိုးနဲ့ ပြည်ခိုင်ဖြိုး ပါတီက လွှတ်တော် အမတ်တချို့မိတ်ဆွေတွေ ဖြစ်နေပေမယ့် ဒီ လုပ်ကြံမှုမှာ ဘာမှ မပတ်သက်ကြောင်း စစ်ဆေးချက် အရ သိရတယ်။ အောင်ဝင်းဇော် ဖမ်းမိမှ
ဇေယျာဖြိုးနဲ့ သူတို့ ၂ ယောက် နောက်ကွယ်မှာ ဘာတွေထပ်ရှိနေမလဲ ဆက်ပြောနိုင်မယ်” လို့ ပြည်ထဲရေး
ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောလိုက်ပါတယ်။




ဒီကနေ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉  နာရီက စတင်ပြီး ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပြတိုက်မှာ လုပ်တဲ့ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရခြင်းနဲ့ပတ်သက်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒု ဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်တာပါ။

“ဘာလို့ တပ်​​မ​တော်​က ထွက်​တဲ့ အရာရှိ​တွေကို ခိုင်းတာလဲ ။အစိုးရနဲ့ တပ်​မ​တော်​ကို ကွဲ​စေချင်​တာလား။ စဉ်းစား ကြည့်​ ရပါတယ်​။ ဦးကိုနီ ရွေးကောက်ပွဲ မတိုင်​ခင်​ ဘာ​ပြောခဲ့လဲ။ အခု​ရွေး​ကောက်​ပွဲ ပြီး​တော့ သူ လုပ်​နိင်​လား မလုပ်​နိင်​လို့ သူ့အသိုင်းအ၀ိုင်းက လုပ်​ကြံတာလား စဉ်းစားပါတယ်​။ မျိုးချစ်​စိတ်​က​နေ အစွန်း​ရောက်​ သွားတာလို့ သုံးသပ်​ရရှိပါတယ်​ " 

 “ဦးကိုနီ လုပ်ကြံခံရမှုကို စိစစ်လိုက်တဲ့အခါ မျိုးချစ်စိတ် အစွန်းရောက်သွားတာကြောင့်ပါ။ အစွန်းရောက် မျိုးချစ်စိတ်ကြောင့်ပါ။”

လွတ်မြောက်နေတဲ့ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နဲ့ ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးတို့ ဟာ လုပ်ကြံမှု အပြီး
နေပြည်တော်ကို ထွက်ခွာခဲ့ရာ လမ်းမှာ လူတယောက်နဲ့ချိန်းထားလို့ လမ်းခွဲခဲ့တယ်လို့ ဇေယျာဖြိုးက ထွက်ချက်ပေးထားတယ်လို့ဆိုတာဟာ အောင်ဝင်းခိုင်ဟာ နေပြည်တော်မှာပဲ လမ်းဆုံးသွားတဲ့သဘော။ 

ဒီစကားအသွားအလားကို ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ဖမ်းဆီးထားတဲ့ တရားခံတွေဖြစ်တဲ့ ကြည်လင်း ခေါ် ဖိုးထူးကို ပုဒ်မ ၃၀၂၊ လဝက အက်ဥပဒေ၊ ပုဒ်မ ၁၉  လက်နက်မှုများ၊ ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်ကို ပုဒ်မ ၃၀၂၊ လက်နက်မှု ၁၉  ခ၊ ဇေယျာဖြိုးကို ပုဒ်မ ၃၀၂၊ ပုဒ်မ ၆၇၊ ၄၂၀၊ ၄၆၈ တို့နဲ့ အမှုဖွင့်ထားပြီး လွတ်မြောက်နေဆဲ ဒုတိယ 
ဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်ကို ပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲက သိရပါ
တယ်။ 




အိမ့်သံစဉ် ~ 





No comments:

Post a Comment