Pages

Friday, February 17, 2017

တရားခံပြေး အောင်ဝင်းခိုင် အဖမ်းခံရန် စဉ်းစားနေဟု ဆို

 ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန် ငွေ ကျပ် သိန်း ၁၀၀၀ ပေး၍ စေခိုင်းသူဖြစ်သည်ဟု သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖော်ပြသည့် ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်အနေဖြင့် ဖမ်းဆီးခံရန် ပြင်ဆင်မှု တချို့ လုပ်ဆောင်နေကြောင်း မိသားစုနဲ့ နီးစပ်သူတွေက ပြောဆိုနေတယ်လို့ သတင်းပေးလာပါတယ်။




 သို့သော် သီးခြားအတည်ပြုရန် ခက်ခဲနေဆဲဖြစ်ပါတယ်။

 ယခု ဖြစ်ရပ်နဲ့ပတ်သက်ပြီး ၄င်းအနေဖြင့် မိသားစု အားလုံး စိတ်ထိခိုက်နေခြင်းကို ကြားသိရပြီးသည့်နောက် အဖြစ်မှန်များကို ဖော်ထုတ်သွားရန်လည်း စွန့်စားရမည်ဟု၎င်းက ဆိုသည်ဆိုသည်ကို မိသားစုဝင်များနှင့် နီးစပ်သူများဆီက သတင်းပေးလာခြင်းဖြစ်ပါတယ်။

သို့သော် သီးခြား အတည်ပြုလို့မရသေးပါ။ သို့သော် ၄င်း ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းများ၊ ကျောင်းဆင်းဖက်ဟောင်းများထဲမှ တချို့က မူ ယခုအမှုနှင့်ပတ်သက်၍ဖမ်းဆီးခံလိုက်မည်ဆိုပါက ပိုမိုရှုပ်ထွေးသည့် အခြေအနေတခုဆီ ရောက်သွားနိုင်သည့်အတွက် စဉ်းစားရန် တိုက်တွန်းထားသည်ဟုလည်း အဆိုပါ သတင်းပေးလာသူတချို့က ဆက်ပြောထားပါတယ်။

 အချို့ ပေးပို့လာသော သတင်းပေးများအဆိုအရ ၄င်းအား အကာအကွယ်ပေး ရှောင်တိမ်းစေခဲ့သူများမှာ ၄င်းနှင့် စစ်တက္ကသိုလ် တပတ်စဉ်တည်း ကျောင်းဆင်းများဖြစ်တယ် ဆိုတဲ့ စွပ်စွဲပြောဆိုမှုများလည်း ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ပူးပေါင်း ဖွဲ့စည်းထားသော အထူးအဖွဲ့ကလည်း ၄င်းအား လက်ရ ဖမ်းမိရေး အပူတပြင်း လုပ်ဆောင်နေတယ်လို့လည်း ဆိုထားပါတယ်။

 သို့သော်လည်း ယခုအမှုနှင့်ပတ်သက်ပြီး ဒု ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်အနေဖြင့် ၄င်းအား စေခိုင်းသူထပ်မံရှိသေးသည်ဟူသည် ထင်မြင်ယူဆချက်များက ဆက်၍ ဆက်၍တိုးတိုး ထွက်ပေါ်လာလျှက် ရှိနေဆဲဖြစ်သည်။


BBC သတင်းမှာတော့ အောင်ဝင်းခိုင်နဲ့ပတ်သက်ပြီး အခုလိုဖော်ပြထားခဲ့ပါတယ်။ 


ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ဖို့ ငွေသိန်း ၈၀၀၊ သိန်း ၁၀၀၀ ပေးပြီး ခိုင်းစေခဲ့သူဖြစ်တယ်လို့ မြန်မာသမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ ဘယ်လိုလူလဲဆိုတာသိနိုင်ဖို့ သူ့ကိုသိကျွမ်းသူတယောက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းဟာ စစ်တက္ကသိုလ် အပတ်စဉ် ၃၆ မှာ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်နဲ့ တပတ်စဉ်တည်း အတူတက်ရောက်ခဲ့သူဖြစ်ပါတယ်။

ဦးလင်းဇော်ထွန်းဟာ အရင်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၅ ရွေးကောက်ပွဲကျင်းပချိန်မှာ တပ်ကနှုတ်ထွက်ပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် မိုင်းဖြတ်မြို့နယ်ကနေ ဝင်ရောက် အရွေးခံခဲ့သူ ဖြစ်ပါတယ်။

ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဟာ၂၀၁၅ ရွေးကောက်ပွဲမှာ ဦးလင်းဇော်ထွန်းအတွက် ကူညီမဲဆွယ် ပေးခဲ့ဖူးတယ်လို့လည်း သတင်းထွက်ပေါ်တာတွေရှိလို့ ဘီဘီစီကနေ ဆက်သွယ်မေးမြန်းထားပါတယ်။




အိမ့်သံစဉ် ~




No comments:

Post a Comment