Pages

Tuesday, March 21, 2017

ရုရှား Yak-130 လေ့ကျင့်ရေးတိုက်လေယာဉ် ၃ စီး မြန်မာကိုလွှဲပြောင်းပေး

၂ဝ၁၅ ခုနှစ်က နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ခဲ့တဲ့ Yak-130 အမျိုးအစား လေ့ကျင့်ရေး တိုက်လေယာဉ် ၃ စီးကို မြန်မာနိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ရုရှားတပ်မတော် နည်းပညာပူးပေါင်း ဆောင်ရွက်ရေးဌာန ဒုတိယအကြီးအကဲက ဒီကနေ့ပြောလိုက်ပါတယ်။




မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ ကျင်းပနေတဲ့ နိုင်ငံတကာရေကြောင်းနဲ့ လေကြောင်းဆိုင်ရာပြပွဲကို တက်ရောက်နေစဉ် ရုရှားအစိုးရ သတင်းဌာနက မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

Yak-130 လေ့ကျင့်ရေးတိုက်လေယာဉ် ၃ စီးကို ပထမအသုတ်အဖြစ် မြန်မာနိုင်ငံကို မနှစ်က ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်တဲ့အစီးတွေကို ၂ဝ၁၈ ခုနှစ်ထဲမှာ ပေးအပ်သွားမယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံကို ဒီလေယာဉ်တွေရောင်းချဖို့ ၂ဝ၁၅ ခုနှစ်က ပဏာမ စာချုပ်ခဲ့တာဖြစ်ပြီး၊ အခုနှစ်ထဲမှာ စာချုပ်အပြီးသတ် လက်မှတ်ထိုးသွားမယ်လို့လည်း သိရပါတယ်။

ရုရှားတပ်မတော် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဌာန ဒုတိယအကြီးအကဲဟာ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ရေကြောင်းနဲ့လေကြောင်းပြပွဲကို ရုရှားအစိုးရကိုယ်စားလှယ်အဖြစ် တက်ရောက်နေတာ ဖြစ်ပါ
တယ်။

မြန်မာ လေတပ်မတော်မှာလည်း ရုရှားက အဆိုပါ တိုက်လေယာဉ်အတွက် လေယာဉ်မှူးသင်တန်းတွေ လေ့ကျင့်မှုတွေ ပေးတဲ့ အကြောင်း ဒီနေရာမှာလည်း အပြည့်အစုံ ဖော်ပြထားပါတယ်။



RFA news; 

No comments:

Post a Comment