Pages

Thursday, March 23, 2017

မြောင်းမြ က အစာအဆိပ်သင့်မှု အရေးပေါ်အခြေအနေ

မြောင်းမြမြို့နယ်မှာ အစာအဆိပ်သင့်မှု အရေးပေါ် အခြေအနေတခု ရင်ဆိုင်ကြုံတွေ့နေရတယ်လို သိရပါတယ်။




မြောင်းမြမြို့နယ်၊ ရေငန်းအုပ်စု၊ စက်ကုန်းကျေးရွာမှာ ဒီကနေ့ မတ်လ ၂၃ ရက်နေ့မှာ အလှူထမင်းကျွေးရာက လူ ၆၀၀ ကျော် အစာအဆိပ်သင့်တာလို့ သိရပါတယ်။.

မြောင်းမြမြို့ပေါ်ရှိ လူနာတင်ကားတွေ၊ မီးသတ်ကား တွေအပြင် အနီးအနားရှိ မြို့မှ ကားတွေပါ ဆင်းကူနေကြရပါတယ်လို့လည်း သိရပါတယ်။

မြောင်းမြဆေးရုံ တခုလုံး လူနာ တွေပြည့်ကြပ် နေလို့ ရဲ တွေ အစောင့်  တွေနဲ့ထိမ်းနေရပါတယ်လို့လည်း
မသင်းရွှေစင်လှိုင်အမည်နဲ့ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်က ဆိုထားပါတယ်။

ကုတင်တွေ ခုံတွေမ လောက် လို့ အနီးအနားအိမ်တွေဆီကပါ အကူအညီပေးနေရပြီး ရှေးဦး သူနာပြုနည်း တတ်ကျွမ်းသူတွေလည်း အကုန်ဝိုင်းကူနေတယ်လို့ ဆိုပါတယ်။ အချိန်မီ ဆေးကုသမှု ရကြပါမှ အသက်ကယ်လို့ရမယ့်အခြေအနေလို့လည်း အဆိုပါ အမျိုးသမီးက ရေးထားပါတယ်။

ပြီးတော့ သူက အကယ်၍ သွေးလိုအပ်ပါကလည်း ကူညီပေးကြဖို့ ကြိုတင် အသိပေး အလှူခံကြောင်းလည်း တိုက်တွန်းထားပါတယ်။


အိမ့်သံစဉ် ~


No comments:

Post a Comment