"ဒီနှစ်သင်္ကြန်မှာ ဖြစ်နိုင်ရင် ကျွန်တော် ရေအပက်ချင်ဆုံးသူ
က အောက်ဖော်ပြပါပုံထဲက သူမ ပါဘဲ။ ရေပက်ပြီးရှေ့က
ရေသန့်ပုလင်းနဲ့ ခေါင်းကိုရိုက်ခွဲ ပစ်ချင်တယ်ဗျို့:::::"
အဲဒီလို ရေးသားပြီး ဖေ့စ်ဘုတ်ပေါ် တင်လိုက်သူဟာ ဦးဝီရသူလား ? မဟုတ်ပါဘူး။ ဒါဆိုရင် သူ ဘယ်သူ ဖြစ်မလဲလို့ ပရိသတ်တွေ မသိချင်ဘူးလား။
အဲဒီလို ဖေ့စ်ဘုတ်ပေါ် ယန်ဟီလီ ဓာတ်ပုံ ၂ ပုံတင်ပြီး ရေးသားသူကတော့ ဦးကျော်ဇေယျပါ။ ဒါကတော့ သူ့ဖေ့စ်ဘုတ်အကောင့်မှာ တင်ထားတာပါပဲ။
ယန်ဟီလီက သူ့အလုပ်သူလုပ်တာပါ။ ယန်ဟီလီရဲ့ အစီရင်ခံစာ ဘာကြောင့် ပေါက်မြောက်နေလဲ ?
အမှန်တရားဆိုတာ ဘာလဲလို့ အငြင်းပွားစရာဖြစ်နေချိန်မှာ ဘက်မလိုက်တဲ့ သူတွေက အဖြေထုတ်ပေးနိုင်တာမို့ ဘက်မရှိတဲ့ သူတွေနဲ့ ပြန်လည် တုံ့ပြန်တတ်ဖို့ပဲ လိုအပ်တာပါ။
တဖက်ကလည်း ကိုယ်ကလည်း ကိုယ့်အလုပ်ကို မှန်မှန်ကန်ကန်လုပ်ဖို့ပဲလိုပါတယ်။
ဒါပေမယ့် ဦးကျော်ဇေယျလို လူတဦးက ဒီလိုမျိုး ဖေ့စ်ဘုတ်ပေါ် တင်တာ သင့်ပါရဲ့လား။
ဦးကျော်ဇေယျ ဘယ်လို လူမျိုးလဲ ?
ပါတီကရော ဒီကိစ္စကို ဘယ်လို သဘောထားမလဲ ?
မေးခွန်းတွေကတော့ အဆင်သင့်စောင့်ကြိုနေကြပါပြီ။
အိမ့်သံစဉ် ~
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် ယန်ဟီလီ၊ ဓာတ်ပုံ/ ဧရာဝတီ

No comments:
Post a Comment