Pages

Thursday, March 16, 2017

တာမွေ ထွေ/အုပ် ဒု ဦးစီးမှူးကို ဘယ်သူ သတ်တာလဲ?

မတ်လ ၁၅ ရက်နေ့ မနက်က ရန်ကုန်တိုင်း တာမွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန ဒု ဦးစီးမှူး ဦးနေမျိုးဆွေ ( အသက် ၂၇ နှစ်)ကို နေအိမ် လိုင်းခန်းမှာ ဇွဲကြိုးချလျှက် အနေအထားနဲ့ သေဆုံးနေပါတယ်။

ဓာတ်ပုံ/ CJ

သက်ဆိုင်ရာ ရဲတွေရဲ့တွေ့ရှိချက်မှာ ညာဖက် မျက်ခုံး ကွဲ ဒဏ်ရာတွေ့ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပထမဆုံး အလောင်းကိုတွေ့ရှိခဲ့သူရဲ့ ပြောပြချက်အရ မသင်္ကာစရာတွေ ရှိနေပါတယ်။

ဒါကတော့ အလောင်းအနီး ကြမ်းပြင်မှာ သွေးကွက်တွေ့ရှိတယ်လို့ ဆိုပါတယ်။ သေဆုံးသူဟာ အနေအေးသူ ဖြစ်ပြီး အခု သေဆုံးမှုအပေါ် သံသယဖြစ်မိတယ်လို့ သူက ပြောထားပါ သေးတယ်။

 ထူးခြားတာက လေဆိပ်မှာ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုမှာ ကျူးလွန်သူတွေထဲ ပါဝင်တဲ့ စစ်ထောက်လှမ်းရေးဟောင်း ဇေယျာဖြိုးကို ဖမ်းဆီးချိန်က သက်သက်ခံပစ္စည်းတွေ သိမ်းဆည်းရာမှာ အခု သေဆုံးသူ ပါဝင်တယ်လို့ သိရပါတယ်။

 အခု ဒီလို သံသယဖြစ်ဖွယ် သေဆုံးမှုနဲ့ပတ်သက်ပြီး အများက ကောက်ချက်ချနေတာကတော့ ဒါဟာ သူ့ကိုသူ သေကြောင်းကြံတာ မဟုတ်ပဲ တယောက်ယောက်က စနစ်တကျ သတ်လိုက်တာဖြစ်မယ်လို့ ခန့်မှန်း
ပြောဆိုနေကြပါတယ်။

ဒါဆို တာမွေ ထွေ/အုပ် ဒုဦးစီးမှူးကို ဘယ်သူ သတ်တာလဲ ? စာဖတ်ပရိသတ်တွေ မိမိတို့ သိရှိ၊ ထင်မြင်ချက်များကို ရိုင်းစိုင်းမှုမပါပဲ ကွန်မန့်ဘောက်စ်မှာ ဆွေးနွေးကြည့်ခြင်းနဲ့ အဖြေရှာကြည့်ကြပါစို့..



 အိမ့်သံစဉ် ~



No comments:

Post a Comment