နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဦးဝီရသူကို တရားစွဲမယ့် သူတွေ ဆက်တိုက်ပေါ်ထွက်နေပါတယ်။ အခုပထမဆုံး ပေါ်ထွက်လာသူက အမျိုးသမီးတဦးဖြစ်ပြီး နောက်တဦးကတော့ အမျိုးသား ဖြစ်ပါတယ်။
ဦးဝီရသူကို တရားစွဲဆိုသူဟာ ဒေါ်မေစည်သူအောင် အမည်ရပြီး သူ့ရဲ့ ဖေ့စ်ဘုတ်ကလည်း အခုလို
အသိပေး ရေးသားထားပါတယ်။
မန်မာ နောင်း သတင်းထောက်ချုပ် ကိုဆွေဝင်းကို မန်းလေးက ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ဦးကျော်မျိုးဆွေက ပုဒ်မ ၆၆ နဲ့ တရားစွဲထားတယ်လို့ သတင်းဖြစ်ပေါ်ပြီး အခုတော့ အဲဒီ တရားစွဲထားတယ်ဆိုတဲ့ ဦးကျော်မျိုးဆွေကို ရန်ကုန်မှာ အမျိုးသမီး တဦးက ပုဒ်မ ၆၆ နဲ့ ပြန်လည် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
တဆက်တည်းမှာပဲ မြန်မာနောင်း သတင်းထောက်ချုပ် ကိုဆွေဝင်းယခု ရင်ဆိုင်နေရတဲ့ ကိစ္စကို အဖွဲ့အစည်းများကလည်း အခုလို ထုတ်ပြန်ထားပါသေးတယ်။

No comments:
Post a Comment