Pages

Friday, March 24, 2017

ရာဘာကျည်နဲ့ ပစ်ခတ်ခံရတဲ့ လက်ပံတောင်း ဒေသခံတွေနဲ့ အစိုးရသစ်အပေါ် ဝေဖန်မှု

လက်ပံတောင်း ဒေသက ဝမ်ပေါင် ကုမ္ဗဏီက မြေသယ်ကားတွေ ဖြတ်မမောင်းစေရေး ကန့်ကွက် တားဆီး ဆန္ဒပြတဲ့ ဒေသခံရွာသူရွားသားတွေကို ရဲတပ်ဖွဲ့ က ရာဘာကျည်နဲ့ ပစ်ခတ်လူစုခွဲလို့ ၁ ဒါဇင်လောက် ဒဏ်ရာ ရသွားကြပါတယ်။


 ပုသိမ်. မုံရွာ ကားလမ်းပေါ်မှာ စည်းကမ်းမဲ့ မောင်းနှင်နေတဲ့ ဝမ်ပေါင်က မြေသယ်ကားတွေကို ဒေသခံတွေက တားဆီးခဲ့ရာက ဒေသဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေးမှုအဆင်မပြေခဲ့ရာက ဆန္ဒပြခဲ့လို့ ဒေသခံတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်ဆံသုံးပြီး ပစ်ခတ်လူစုခွဲခဲ့တာလို့သိရပါတယ်။

 ဒါဟာ NLD အစိုးရလက်ထက်မှာ လက်ပံတောင်း ဒေသခံတွေကို ပထမဆုံး ရာဘာကျည်ဆံသုံး သေနတ်နဲ့ပစ်ခတ်ဖြိုခွဲတာလည်း ဖြစ်ပါတယ်။ ဒီအတွက် ဝေဖန်မှုတွေလည်း မြင့်တက်လာနေပါတယ်။

 အဓိက ဝေဖန်သူတွေကတော့ NLD အစိုးရဟာ ပြည်ထဲရေးကို ဘယ်လိုမှ ထိမ်းချုပ် ကိုင်တွယ်လို့ မရတာကို ထပ်မံသက်သေပြချက်တခုလို့လည်း ပြောကြပါတယ်။

ဒီအတွက် အစိုးရသစ်အနေနဲ့ မိမိမှာ လက်ရှိ အာဏာ ဘယ်လောက်ရှိတယ်ဆိုတာ ပြည်သူတွေနဲ့ နိုင်ငံတကာကို အသိပေးပြီး ကျန်ရှိနေတဲ့ အစိုးရသက်တမ်းမှာ အကောင်းဆုံး နိုင်ငံကို ထိမ်းသိမ်းကိုင်တွယ် အုပ်ချုပ်သင့်တယ်လို့ ဆိုပါတယ်။








အိမ့်သံစဉ် ~ 


No comments:

Post a Comment