Pages

Sunday, March 5, 2017

ဦးဖြိုးမင်းသိန်း၏ နှလုံး ခွဲစိပ်မှုအောင်မြင်

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ ယနေ့နံနက်ပိုင်းက ရန်ကင်း ကလေးဆေးရုံကြီးမှာ နှလုံး ခွဲစိပ်မှုလုပ်ဆောင်ခဲ့ရာ အောင်မြင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါ
တယ်။



” ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ နှလုံး ခွဲစိပ်မှုကို ရန်ကုန်မြို့တွင် မြန်မာဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် ထူးခြားသည့် အောင်မြင်မှုမှတ်တိုင်ဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ သတင်းထုတ်ပြန်အပ်ပါသည်” ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ မတ်လ ၅ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။



 ဦးဖြိုးမင်းသိန်းဟာ မွေးရာပါ နှလုံးအဆို့ရှင် မလုံခြင်းနှင့် ဆိုင်တဲ့ သွေးကြောမကြီး ကြီးနေသည့်အတွက် ဗြိတိန်နိုင်ငံမှ ပါမောက္ခ ဦးအောင်ရဲဦး၊ ပါမောက္ခ ဒေါ်ဝင်းဝင်းကျော်နဲ့ ဆရာဝန် စုစုပေါင်း ၁၇ ဦး အဖွဲ့က အခုလို အောင်မြင်စွာ ခွဲစိတ်ကုသပေးလိုက်တာပါ။

ယခုအခါ ဝန်ကြီးချုပ်ဟာ ကျန်းမာရေး ကောင်းမွန်လာလျှက် ရှိတယ်လို့မိသားစုဝင်တဦးကလည်း ပြောပါတယ်။ ယခုကဲ့သို့ နှလုံး ခွဲစိပ်မှုလုပ်ဆောင်တဲ့ အတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် တာဝန်အား လုံခြုံရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ယာယီ တာဝန်ယူထားပါတယ်။


 အိမ့်သံစဉ် ~





No comments:

Post a Comment