ပရိတ်သတ်တွေကို အတော်ဆွဲဆောင်ခဲ့ပြီး အငြင်းအခုန်တွေ အများကြီး ဖြစ်စေခဲ့တဲ့ Myanmar Idol က ပြိုင်ပွဲဝင် မအူမြို့နယ်သား ရဲနောင်ကို မြို့ခံတွေက လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာနဲ့ ဒီကနေ့ ကြိုဆိုကြပါတယ်။
တဖက်ကလည်း Voting တွေ အများအပြားရရှိထားသူ ရဲနောင်ဟာ ပရိသတ်အခိုင်အမာရရှိထားသူလို့ ပြောရင် မှားမယ်မထင်ပါဘူး။
ဒါပေမယ့် ဟန်ထွန်းရဲ့ အရင်ကဇာတ်လမ်းလေး သီချင်းနဲ့ Myanmar Idol Top 5 မှာ ယှဉ်ပြိုင်ခဲ့တာမှာတော့ ပရိသတ်တွေဆီက ပြန်ရလိုက်တဲ့ တုံ့ပြန်မှုက အတော့်ကို မကောင်းခဲ့ပါဘူး။
မတ်လ ၄ ရက်နေ့ မြင်ကွင်းမှာ Myanmar Idol Top 5 ယှဉ်ပြိုင်မှုမှာ Vote အနည်းဆုံး ၃ ဦးဖြစ်တဲ့ ဘီလီလမင်းအေး၊ ရဲနောင်နဲ့ မိုင်းမိုင်းဆန်း တို့ထဲကမှ ရဲနောင်ဟာ Voting အနည်းဆုံး ဖြစ်သွားခဲ့ပြီး ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရတာပါ။
တချို့ ဝေဖန်သုံးသပ်သူတွေအဆိုအရ အခု Myanmar Idol ရဲ့ စနစ်အရ Wild Card နဲ့ ပြန်လည် ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ ရဲနောင်ပရိသတ်တွေအတွက် အားဆေးမျှင်မျှင်လေးလည်း ဆိုကြပါသေးတယ်။
ရဲနောင်ဟာ ပြန်လာသည် ဖြစ်စေ၊ မလာသည်ဖြစ်စေ အခုလို အချိန်မှာ သူမျှော်လင့်ထားတဲ့ အနေအထားထက် ကျော်လွန်စွာသူ ရရှိနေပြီမို့ ကိုယ်ပိုင် သီချင်းတွေနဲ့ ကိုယ်ပိုင် အနုပညာ ခရီးကို အရဲစွန့် လျှောက်လှမ်း
မယ်ဆိုရင်တော့ စပွန်ဆာပေးမယ့်သူတွေလည်း ရှိနေလောက်ပါပြီ။ အထူးသဖြင့်တော့ မအူပင်မြို့ခံတွေပါပဲ။
အိမ့်သံစဉ် ~
ရဲနောင်ကို မအူပင်မြို့ခံတွေ လှိုက်လှဲစွာ ကြိုဆိုနေစဉ်၊ဓာတ်ပုံ/ မအူပင်သား
ရဲနောင်ဟာ Myanmar Idol Top 5 မှာ ဒီတစ်ပတ်အတွက် ပရိသတ်တွေကို နှုတ်ဆက်သွားရသူဖြစ်ခဲ့ရလို့ အခုလို အိမ်အပြန်လမ်း မြန်းခဲ့ရတာပါ။
တဖက်ကလည်း Voting တွေ အများအပြားရရှိထားသူ ရဲနောင်ဟာ ပရိသတ်အခိုင်အမာရရှိထားသူလို့ ပြောရင် မှားမယ်မထင်ပါဘူး။
ဒါပေမယ့် ဟန်ထွန်းရဲ့ အရင်ကဇာတ်လမ်းလေး သီချင်းနဲ့ Myanmar Idol Top 5 မှာ ယှဉ်ပြိုင်ခဲ့တာမှာတော့ ပရိသတ်တွေဆီက ပြန်ရလိုက်တဲ့ တုံ့ပြန်မှုက အတော့်ကို မကောင်းခဲ့ပါဘူး။
မတ်လ ၄ ရက်နေ့ မြင်ကွင်းမှာ Myanmar Idol Top 5 ယှဉ်ပြိုင်မှုမှာ Vote အနည်းဆုံး ၃ ဦးဖြစ်တဲ့ ဘီလီလမင်းအေး၊ ရဲနောင်နဲ့ မိုင်းမိုင်းဆန်း တို့ထဲကမှ ရဲနောင်ဟာ Voting အနည်းဆုံး ဖြစ်သွားခဲ့ပြီး ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရတာပါ။
တချို့ ဝေဖန်သုံးသပ်သူတွေအဆိုအရ အခု Myanmar Idol ရဲ့ စနစ်အရ Wild Card နဲ့ ပြန်လည် ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ ရဲနောင်ပရိသတ်တွေအတွက် အားဆေးမျှင်မျှင်လေးလည်း ဆိုကြပါသေးတယ်။
ရဲနောင်ဟာ ပြန်လာသည် ဖြစ်စေ၊ မလာသည်ဖြစ်စေ အခုလို အချိန်မှာ သူမျှော်လင့်ထားတဲ့ အနေအထားထက် ကျော်လွန်စွာသူ ရရှိနေပြီမို့ ကိုယ်ပိုင် သီချင်းတွေနဲ့ ကိုယ်ပိုင် အနုပညာ ခရီးကို အရဲစွန့် လျှောက်လှမ်း
မယ်ဆိုရင်တော့ စပွန်ဆာပေးမယ့်သူတွေလည်း ရှိနေလောက်ပါပြီ။ အထူးသဖြင့်တော့ မအူပင်မြို့ခံတွေပါပဲ။
အိမ့်သံစဉ် ~
No comments:
Post a Comment