မြန်မာနိုင်ငံက တရားစီရင်ရေးဟာ မြန်မာ ဆင်းရဲသားတွေအတွက်တော့ ဈေးသိပ်ကြီးပေမယ့် တရုတ်နိုင်ငံသားတွေအတွက်တော့ ဈေးသိပ်ချိုတယ်ဆိုတာက အခု ဒီသတင်းက ထပ်မံ အတည်ပြုပေးလိုက်တာဖြစ်ပါ
လိမ့်မယ်။
အခုပဲ ကြည့်လေ ခွင့်ပြုချက် မရှိပဲ ရွှေသတ္တုတူးဖော်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို ရမည်းသင်း
မြို့နယ် တရားရုံးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒဏ်ငွေ ၂ သိန်း ချမှတ်တယ်ဆိုသတဲ့။
ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်တုံးကလည်း သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေကို ပြန်လွှတ်ပေးလိုက်ပြီး တရုတ်နိုင်ငံကို ပြန်ပို့တာ မှတ်မိကြအုံးမယ် ထင်ပါတယ်။
၂၀၁၅ ခုနှစ် သြဂုတ်လကလည်း သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့ လူ ၆၉၆၆ ဦးတွင် သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ်တစ် သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ရသော တရုတ်နိုင်ငံသား ၁၅၅ ဦးကို လွှတ်ပေး လိုက်တဲ့ ကိစ္စက အများပြည်သူအကြား ဝေဖန်စရာဖြစ်ခဲ့တာမှန်မိကြမယ် ထင်ပါတယ်။
အဲဒီတုန်းက ကချင်ပြည်နယ်ဝိုင်းမော်မြို့ နယ်အတွင်း သစ် ခိုးထုတ်နေတဲ့ မှောင်ခိုဂိုဏ်းကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းက မြန်မာ့ တပ်မတော်က ဖမ်းမိခဲ့တာပါ။
ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့နယ်၊ ဆဒုံးမြို့နယ်တို့ရှိ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယံ ဒေသ
တွေက လုပ်ကွက်တွေမှာ ဖမ်းမိခဲ့တာပါ။ အဲဒီတုန်းက ကနဦးဖမ်းမိစဉ် လူ ၁၄၉ ဦး၊ သစ်ထုတ်ရာတွင် အသုံး
ပြုတဲ့ မြေတူးစက်နဲ့ ကရိန်းတွေ၊သစ်သယ်ယာဉ်တွေအပါအဝင် ယာဉ်ပေါင်း ၄၅၅ စီ၊ မူးယစ်ဆေးဝါးတွေကိုပါ
မြန်မာ့တပ်မတော်က ဖမ်းမိခဲ့တာပါ။
ပြီးတော့ အမေရိကန် ဒေါ်လာ သန်း ၆၀ ကျော် တန် သစ်လုံးတန်ချိန် ၄၅၀၀ ကျော်ကိုလည်း ဖမ်းမိခဲ့တာပါပဲ။
တချို့ သစ်ခိုးတဲ့ တရုတ်တွေလည်း ထောင်ဒဏ် ၈ ရက်နဲ့သာ မြန်မာ့ တရားစီရင်ရေးရဲ့မျက်နှာပေးခြင်းနဲ့ ပြည်ကြီးပြန်ခဲ့ကြတာ လူတိုင်း သိပြီးဖြစ်မှာပါ။
ပြောရရင် ဒီထက် မက များတဲ့ ကိစ္စများစွာ ရှိပါတယ်။
ဘိန်းဘုရင် လောစစ်ဟန်၊ ထွန်းမြင့်နိုင် အစ. မန်းလေးက မြန်မာ မှတ်ပုံတင် အလွယ်ရထားတဲ့ တရုတ်တွေအလယ်၊ မြစ်ဆုံဆည် လျှပ်စစ်စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီ၊ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ် ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေအဆုံး တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ထင်တိုင်းကျဲနေကြတာ ဆယ်စု
နှစ် များစွာ ရှိနေပါပြီ။
ဒါပေမယ့် အခုလို တရုတ်နိုင်ငံသားတွေအတွက် မြန်မာ့ တရားစီရင်ရေးဟာ ဈေးချိုသလောက် မြန်မာတွေ
အတွက်တော့ ဘဝတွေနဲ့ ပျက်စီးယိုယွင်းပြီးရင်းယိုယွင်းစွာနဲ့ အလွန်ပဲ အဖိုးအခကြီးလွန်းလှပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ သမ္မတ ဦးထင်ကျော် အစိုးရလည်း တရားဥပဒေ စိုးမိုးရေးသာ တွင်
တွင် အော်နေပေမယ့် တကယ်တမ်း အခုထိ ဘာမှ လုပ်ပိုင်ခွင့် မရသေးတာကို ကြည့်ရင် အရင်က တရားစီ
ရင်ရေး စနစ်ဟောင်းကြီးရဲ့အရှိန်က အခုထိ ခပ်ပြင်းပြင်း အသော့နှင်ကောင်းနေတုန်းလို့ သတိပေးရေးသား
လိုက်ပါရစေ...
အိမ့်သံစဉ် ~
လိမ့်မယ်။
အခုပဲ ကြည့်လေ ခွင့်ပြုချက် မရှိပဲ ရွှေသတ္တုတူးဖော်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို ရမည်းသင်း
မြို့နယ် တရားရုံးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဒဏ်ငွေ ၂ သိန်း ချမှတ်တယ်ဆိုသတဲ့။
ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်တုံးကလည်း သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသားတွေကို ပြန်လွှတ်ပေးလိုက်ပြီး တရုတ်နိုင်ငံကို ပြန်ပို့တာ မှတ်မိကြအုံးမယ် ထင်ပါတယ်။
၂၀၁၅ ခုနှစ် သြဂုတ်လကလည်း သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးလိုက်တဲ့ လူ ၆၉၆၆ ဦးတွင် သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ်တစ် သက်တစ်ကျွန်းပြစ်ဒဏ် ချမှတ်ခဲ့ရသော တရုတ်နိုင်ငံသား ၁၅၅ ဦးကို လွှတ်ပေး လိုက်တဲ့ ကိစ္စက အများပြည်သူအကြား ဝေဖန်စရာဖြစ်ခဲ့တာမှန်မိကြမယ် ထင်ပါတယ်။
အဲဒီတုန်းက ကချင်ပြည်နယ်ဝိုင်းမော်မြို
ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့နယ်၊ ဆဒုံးမြို့နယ်တို့ရှိ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယံ ဒေသ
တွေက လုပ်ကွက်တွေမှာ ဖမ်းမိခဲ့တာပါ။ အဲဒီတုန်းက ကနဦးဖမ်းမိစဉ် လူ ၁၄၉ ဦး၊ သစ်ထုတ်ရာတွင် အသုံး
ပြုတဲ့ မြေတူးစက်နဲ့ ကရိန်းတွေ၊သစ်သယ်ယာဉ်တွေအပါအဝင် ယာဉ်ပေါင်း ၄၅၅ စီ၊ မူးယစ်ဆေးဝါးတွေကိုပါ
မြန်မာ့တပ်မတော်က ဖမ်းမိခဲ့တာပါ။
ပြီးတော့ အမေရိကန် ဒေါ်လာ သန်း ၆၀ ကျော် တန် သစ်လုံးတန်ချိန် ၄၅၀၀ ကျော်ကိုလည်း ဖမ်းမိခဲ့တာပါပဲ။
တချို့ သစ်ခိုးတဲ့ တရုတ်တွေလည်း ထောင်ဒဏ် ၈ ရက်နဲ့သာ မြန်မာ့ တရားစီရင်ရေးရဲ့မျက်နှာပေးခြင်းနဲ့ ပြည်ကြီးပြန်ခဲ့ကြတာ လူတိုင်း သိပြီးဖြစ်မှာပါ။
ပြောရရင် ဒီထက် မက များတဲ့ ကိစ္စများစွာ ရှိပါတယ်။
ဘိန်းဘုရင် လောစစ်ဟန်၊ ထွန်းမြင့်နိုင် အစ. မန်းလေးက မြန်မာ မှတ်ပုံတင် အလွယ်ရထားတဲ့ တရုတ်တွေအလယ်၊ မြစ်ဆုံဆည် လျှပ်စစ်စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီ၊ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း အပါအဝင် တရုတ် ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေအဆုံး တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ထင်တိုင်းကျဲနေကြတာ ဆယ်စု
နှစ် များစွာ ရှိနေပါပြီ။
ဒါပေမယ့် အခုလို တရုတ်နိုင်ငံသားတွေအတွက် မြန်မာ့ တရားစီရင်ရေးဟာ ဈေးချိုသလောက် မြန်မာတွေ
အတွက်တော့ ဘဝတွေနဲ့ ပျက်စီးယိုယွင်းပြီးရင်းယိုယွင်းစွာနဲ့ အလွန်ပဲ အဖိုးအခကြီးလွန်းလှပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ သမ္မတ ဦးထင်ကျော် အစိုးရလည်း တရားဥပဒေ စိုးမိုးရေးသာ တွင်
တွင် အော်နေပေမယ့် တကယ်တမ်း အခုထိ ဘာမှ လုပ်ပိုင်ခွင့် မရသေးတာကို ကြည့်ရင် အရင်က တရားစီ
ရင်ရေး စနစ်ဟောင်းကြီးရဲ့အရှိန်က အခုထိ ခပ်ပြင်းပြင်း အသော့နှင်ကောင်းနေတုန်းလို့ သတိပေးရေးသား
လိုက်ပါရစေ...
အိမ့်သံစဉ် ~
No comments:
Post a Comment