ဗုဒ္ဓဘာသာကို ပုံရိပ်ကျစေမယ့် ဟောပြောမှုတွေ၊ လူမျိုးရေး ဘာသာရေး အမုန်းပွားမှုတွေ ဟောပြောပို့ချမှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဦးဝီရသူကို နိုင်ငံတော် သံဃာ့ မဟာနာယက (မဟန) ၄၇ ပါး စုံညီက တနှစ်တာအတွင်း တရားဟောခွင့် ပိတ်ပင်ထားပေမယ့် ဒီကနေ့မှာတော့ ကမ္ဘာ့ပထမဆုံး ဝဇီပိတ် တရားပွဲဟုဆိုကာ တားမြစ်မိန့်ကို အံတု ကျူးလွန်ပြန်ပါတယ်။
ဦးဝီရသူကို တနှစ်တာ တရားဟောခွင့် ကိုပိတ်ပင်ခဲ့ပြီး လိုက်နာမှု မရှိပါက တည်ဆဲ ဥပဒေတွေနဲ့ အညီ အရေးယူသွားမယ်လို့ ယမန်နေ့က ထုတ်ပြန်ထားတာပါ။
ဒါပေမယ့် ဒီကနေ့မှာတော့ အသံသွင်းထားတဲ့ တရားကို ဖွင့်ပြီး ဦးဝီရသူကတော့ ပါးစပ်ကို တိပ်နဲ့ ပိတ်ကာ မထေရ်ကြီးများရဲ့တားမြစ်မှုကို အံတု ဆန့်ကျင်မှု လုပ်ခဲ့တာပါ။
ဒီလို လုပ်ရပ်ကြောင့် မကြာခင်မှာ သူ့ကို ဥပဒေအရ အရေးယူရတော့မယ်လို့လည်း မဟနနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
အခုလို ဝဇီပိတ် တရားပွဲဆိုပြီး မိမိကိုယ်ကိုယ် ပါဖော့မင့်န် ဟန်နဲ့ လုပ်ဆောင်ခြင်းအပေါ် ဝိနည်းထိုရ် ရဟန်းတော်များက အတော်ပဲ စိတ်ပျက်နေကြကာ ဦးဝီရသူအနေနဲ့ သူ့ကိုယ်သူပဲအဆုံးသတ်နေပြီလို့မှတ်ချက်ပေးနေကြပါပြီ။
ဒါကြောင့် ဦးဝီရသူဟာ သူ့ရဲ့ နောက်ဆုံး အချိန်များကို အရှိန်အဟုန်နဲ့ ချည်းကပ်လာနေတာလည်း ဖြစ်ပါတယ်။
မောင်မောင်ကြီး ( မန္တလေး )

No comments:
Post a Comment