Pages

Wednesday, March 22, 2017

ဗြိတိန် ပါလီမန်အနီး ပစ်ခတ်သံများ ကြားရပြီး လုံခြုံရေးထူထပ်စွာချထား

လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အဦး (the House of Commons) အပြင်တွင် အမျိုးသား တဦး ပစ်ခတ်ခံရပြီး ပါလီမန်လုပ်ငန်းစဉ်မှာ ရပ်တန့်ထားပြီး လုံခြုံရေး ထူထပ်စွာချထားလိုက်ပါတယ်။





ပါလီမန် အမတ်ခေါင်းဆောင် David Lidington က ပါလီမန်အမတ်တွေကို ပြောတာမှာတော့ ရဲအရာရှိ တဦး ဓားထိုးခံရပြီး ရဲက အဆိုပါ ဓားနဲ့ ထိုးတဲ့ အမျိုးသား တဦးကို အသေ ပစ်သတ် ဖမ်းဆီးလိုက်တယ်လို့ ဆိုပါ
တယ်။

နောက်ဆက်တွဲအနေနဲ့ ပါလီမန်အဆောက်အအုံဝင်းအတွင်းမှာလည်း အရေးကြီး အခြေအနေဖြစ်နေတယ်လို့သူက ဆက်ပြောပြီး နောက်ဆက်တွဲ တစုံတရာ အကြောင်းကြားမှုမရှိပဲ ပါလီမန်ကို ပြန်လည် စတင်မှာ မဟုတ်သေးဘူးလို့ ပြောထားပါတယ်။

အခု ဖြစ်ရပ်ကို တိုက်ရိုက်သတင်းများ လွှင့်ထုတ်ပေးနေပါတယ်။ သတင်းတွေမှာ မြင်တွေ့ရတာက ဒဏ်ရာရသူတွေကို လူနာတင်ကားတွေနဲ့ သယ်သွားတာလည်း မြင်တွေ့ရပါတယ်။ အသေးစိပ်ကိုတော့ မသိရသေးပါဘူး။

ရဲတပ်ဖွဲ့ကတော့ ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုလို့ပဲ လောလောဆယ် ဆိုထားပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတပုဒ်မှာတော့ သေနတ်ပစ်ခတ်မှုတွေ ဆက်တိုက် ကြားခဲ့ရပြီး သေဆုံးသူ ၂ ဦး ရှိပြီး အခြေအနေကို သဲသဲကွဲကွဲ ထပ်မံ မသိရသေးဘူးလို့ ဆိုပါတယ်။

နောက်ဆက်တွဲ သတင်းများကို ဆက်လက် တင်ပြပေးသွားပါမယ်။



အိမ့်သံစဉ် ~


No comments:

Post a Comment